အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်သည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းအား ဗိုလ်စွဲအောင် စွမ်းဆောင်ပေးနိုင်ခဲ့လျှင် ဆုကြေးအဖြစ် ပေါင်(၄)သန်း ရရှိမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆောက်ဂိတ်အား ချန်ပီယံဖြစ်လျှင် ပေါင် (၁.၅)သန်းပေးမည်ဟု အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က ကတိပေးခဲ့ပြီး ယခုအခါ လာမည့်ကမ္ဘာ့ဖလားအတွက် သုံးဆနီးပါးတိုးမြှင့်ထားခြင်းလည်းဖြစ်သည်။
ဆောက်ဂိတ်သည် အင်္ဂလန်အသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်သည့်အတွက် ဆုကြေးပေါင်(၅)သိန်း ရရှိထားခဲ့သည်။
၎င်းအနေဖြင့် အင်္ဂလန်အသင်းနှင့်စာချုပ်မှာ ၂၀၂၄ ခုနှစ်အထိဖြစ်ပြီး စာချုပ်အရ တစ်နှစ်လစာ ပေါင်(၆)သန်းဝန်းကျင် ရရှိနေသည်။ အင်္ဂလန်အသင်းသည် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု(B)တွင် အီရန်၊ အမေရိကန်၊ ဝေးလ်စ်အသင်းများနှင့်အတူ ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲအဖြစ် နိုဝင်ဘာလ(၂၁)ရက်တွင် အီရန်အသင်းနှင့် ကစားရမည်ဖြစ်သည်။