spot_img

ကပ်ဘေးကြောင့် ငတ်မွတ်မှုနှင့် ရင်ဆိုင်နေရသည့် ကလေးငယ်များကို ကူညီပေးကြရန် ရပ်ရှ်ဖို့ဒ် တိုက်တွန်း

မန်ယူအသင်း၏ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်က ကပ်ဘေးကြောင့် ငတ်မွတ်မှုနှင့် ရင်ဆိုင်နေရသည့် ကလေးငယ်များကို ကူညီပေးကြရန် Twitter မှတစ်ဆင့် တိုက်တွန်းပြောကြားခဲ့သည်။

ရပ်ရှ်ဖို့ဒ်သည် လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီး ကလေးငယ်များကို ကူညီပေးရန် စိတ်အားထက်သန်သူလည်းဖြစ်သည်။

myan789

ယခုအခါ ကပ်ဘေးကာလအတွင်း ဗြိတိန်နိုင်ငံတွင် ကလေးငယ်များ၏ ငတ်မွတ်မှုနှုန်း မြင့်တက်လာသည့်အတွက် ၀ိုင်းဝန်းကူညီပေးကြရန် တိုက်တွန်းခဲ့ခြင်းဖြစ်သလို၊ အစိုးရတာဝန်ရှိသူများကိုလည်း အာရုံစိုက်ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ရပ်ရှ်ဖို့ဒ်က ”ဗြိတိန်နိုင်ငံတွင် ဆာလောင်နေသည့် ကလေးငယ် မရှိသင့်ကြောင်း၊ ပြီးခဲ့သည့် (၆)လအတွင်း ဗြိတိန်၌ အစာရေစာပြဿနာနှင့် ရင်ဆိုင်နေရသူ (၄.၃)သန်းရှိလာသည့်အနက် ကလေးငယ် (၂.၅)သန်း ပါဝင်ကြောင်း၊ ကပ်ဘေးမတိုင်မီနှင့် နှိုင်းယှဉ်ပါက (၂၇%)အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း၊ ငတ်မွတ်နေသည့် ကလေးငယ်အရေအတွက်မှာ ဝင်ဘလေကွင်း(၂၇)ကွင်းစာ ဝင်ဆံ့သည့် ပရိသတ်အရေအတွက်နှင့် ညီမျှနေကြောင်း” ရေးသားခဲ့သည်။

ရပ်ရှ်ဖို့ဒ်သည် ငတ်မွတ်မှုနှင့် ရင်ဆိုင်နေရသည့် ကလေးငယ်များ၏ ပြဿနာကို ဖြေရှင်းပေးနိုင်ရန်အတွက် အစိုးရတာဝန်ရှိသူများအနေဖြင့် စီမံကိန်းချမှတ်၍ စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း အကြံပြုခဲ့သလို၊ အားလုံးဝိုင်းဝန်းကူညီပေးကြရန်လည်း တိုက်တွန်းခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular