ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း မန်စီးတီး၊ အက်သလက်တီကိုအသင်းတို့ထံမှ အငှားခေါ်ယူထားသည့် ပေါ်တူဂီနောက်ခံလူ ကန်ဆယ်လိုနှင့် တောင်ပံကစားသမား ဂျော်အိုဖေးလစ်တို့အား ရာသီကုန်တွင် အပြီးသတ်ခေါ်ယူနိုင်ရန် ခက်ခဲနေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။
ကန်ဆယ်လို (၂၉ နှစ်)နှင့် ဂျော်အိုဖေးလစ် (၂၄ နှစ်)တို့သာ ဘာစီလိုနာအသင်းတွင် တစ်ရာသီအငှားလာရောက်ကစားပြီး ခြေစွမ်းပြနေသူများ ဖြစ်သည့်အတွက် ရာသီကုန်တွင် အပြီးသတ်ခေါ်ယူနိုင်ဖွယ်ရှိနေကြောင်း သတင်းများကဖော်ပြခဲ့ကြသည်။
သို့သော်ဘာစီလိုနာအသင်းသည် လာမည့်နွေရာသီတွင် လစာငွေကန့်သတ်ချက်ယူရိုသန်း (၁၃၀)သာရှိကြောင်းလည်းသိရသည်။
ယင်းအတွက် ဘာစီလိုနာအသင်းသည် ကန်ဆယ်လို၊ ဂျော်အိုဖေးလစ်တို့ကဲ့သို့ ပြောင်းရွှေ့ကြေးနှင့် လစာငွေမြင့်မားသည့် ကစားသမားများအား ခေါ်ယူနိုင်ရန် ခက်ခဲဖွယ်ရှိနေကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။