spot_img

ကစားသမား လေးဦးကြောင့် အသင်းဟာ ဟန်ချက် ပိုကောင်းလာတယ်လို့ ပြောရင်း ပရိသတ်တွေ သိလိုနေခဲ့တဲ့ လူငယ် နှစ်ဦး အကြောင်း သတင်းပေးလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ စတင် ခဲ့စဉ် တုန်းက လူငယ် ကစားသမား အများစုနဲ့ ရှေ့ဆက် ခဲ့ရ ပါတယ် ။ အဆိုပါ အချိန် တုန်းက ယူနိုက်တက် တို့ဟာ အမှတ်ပေး ဖလား ပြိုင်ပွဲ ရဲ့ အသက် အငယ်ဆုံး ကစားသမား စာရင်း တစ်ခု ကိုတောင် ပိုင်ဆိုင် ခဲ့ကြပါသေးတယ် ။

ဒါပေမယ့် ရလဒ်ပိုင်း ကတော့ တည်ငြိမ်မှု အားနည်း နေခဲ့ပြီး ကွင်းလယ်ပိုင်း ဟန်ချက် တစ်ခု ရရှိဖို့ လိုအပ် နေခဲ့တဲ့ အတွက် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ယူနိုက်တက် တို့ဟာ စပို့တင်း လစ္စဘွန်း အသင်းမှ ကွင်းလယ် ဖန်တီးရှင်း ဘရူနို ဖာနန်ဒက်စ် ကို ပေါင် 67.8 သန်းနဲ့ ခေါ်ယူ ခဲ့ရ ပါတယ် ။

myan789

ဒါ့အပြင် ပြီးခဲ့တဲ့ နွေတုန်းက အသင်းကို ဆက်လက် အင်အား မြှင့်တင်ဖို့ အတွက် ယူနိုက်တက် တို့ဟာ အေဂျက်ဇ် အသင်း မှ ဗန်ဒီ ဘိခ် ၊ ပေါ်တို အသင်းမှ အဲလက်စ် တဲလက်စ် နဲ့ အသင်း လက်မဲ့ ဖြစ်နေခဲ့တဲ့ ဥရုဂွေး လက်ရွေးစင် အသင်ရဲ့ ဝါရင့် တိုက်စစ်မှူး အီဒင်ဆန် ကာဗာနီ တို့ကို ဆက်လက် ခေါ်ယူခဲ့ကြ ပါတယ် ။

အခုတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က ဘရူနို ဖာနန်ဒက်စ် ၊ အီဒင်ဆန် ကာဗာနီ ၊ ဒွန်နီ ဗန်ဒီ ဘိခ် နဲ့ အဲလက်စ် တဲလက်စ် တို့ကြောင့် ပိုမို အင်အား တောင့်တင်း လာခဲ့ပြီး ဟန်ချက် ပိုကောင်းတဲ့ အသင်း တစ်သင်း ဖြစ်နိုင်ခဲ့ပြီ လို့ ဝက်စ်ဟမ်း အသင်း နဲ့ ပွဲစဉ် မတိုင်မီ ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ဆိုရင် ကျွန်တော် တို့ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အသက် အငယ်ဆုံး အသင်း တစ်သင်း ဖြစ်နိုင် ခဲ့ကြ ပါတယ် ။ ကျွန်တော်တို့ဟာ အသင်းကို ပိုမို တိုးတက် စေဖို့ နည်းလမ်းတွေ ရှာဖွေ ခဲ့ကြ ပါတယ် ။ အရည်အသွေး ကောင်းတဲ့ လူငယ် တွေနဲ့ ဝါရင့် ကစားသမား တွေကို ပေါင်းစပ် ပေးဖို့ပေါ့ဗျာ ”

” အဲ့ဒီနောက် ဘရူနို ၊ ဒွန်နီ ၊ အဲလက်စ် နဲ့ အီဒင်ဆန် တို့ကို ခေါ်ယူပြီး အသင်းရဲ့ ဟန်ချက် ကလည်း ပိုမို ကောင်းမွန် လာခဲ့ရ ပါတယ် ။ အီဒင်ဆန် ရဲ့ နေရာယူပုံတွေ ၊ သူဟာ တစ်ကယ့်ကို ပုံစံ ခြားနားတဲ့ တိုက်စစ်မှူး တစ်ယောက် ပါပဲ ။ သူဟာ ခြားနားတဲ့ နည်းလမ်း အစုံ နဲ့ ကစားပေး နိုင်စွမ်း ရှိပါတယ် ”

” သူဟာ ကမ္ဘာ့ ဘောလုံး အားကစား လောကထဲမှာ အတွေ့အကြုံ တွေ အများကြီး ပိုင်ဆိုင် ထားခဲ့တဲ့ ကစားသမား တစ်ဦး ပါပဲ ။ သူဟာ အသင်းကို ရောက်လာပြီးနောက် ဘဝကို ဘယ်လို ရှင်သန်ရသလဲ ၊ ဘယ်လို တည်ဆောက်ရသလဲ ဆိုတာ လူငယ် တွေကို ပြသ နိုင်ခဲ့ ပါတယ် ” လို့ ဆိုးလ်ရှား က ပြောကြား ခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အနာဂတ် သာယာ စေရေး အတွက် အရည်အသွေး ကောင်းတဲ့ လူငယ် ကစားသမားလေး နှစ်ဦး ( ဖာကွန်ဒို ပယ်လီစထရီ ၊ အာမက် ဒီယာလို ) ကို နွေတုန်းက ခေါ်ယူ ခဲ့ပါ သေးတယ် ။ ဒီယာလို ကတော့ ဇန်နဝါရီမှာ အသင်းနဲ့ ပူးပေါင်းမှာပဲ ဖြစ်ပါတယ် ။ သူတို့ နဲ့ ပတ်သက်လို့ …

” ဖာကွန်ဒို ရောက်လာတယ် ၊ စီနီယာ အသင်းနဲ့ လေ့ကျင့်တယ် ၊ ပြီးတော့ ပုံစံကောင်း ပြသနိုင်ခဲ့ ပါတယ် ။ အခုတော့ သူ့ကို အချိန်ပေးသင့်တယ်လို့ ကျွန်တော်တို့ ခံစားနေရ ပါပြီ ။ သူဟာ အရံ အသင်းမှာ ပွဲစဉ် အနည်းငယ် ကစားခဲ့ ပါတယ် ။ သူဟာ တဖြေးဖြေး အသင်းနဲ့ အံဝင် လာပြီး ပိုမို အသုံးတည့်လာ ပါပြီ ”

” အာမက် ကတော့ အတ္တလန္တာ အသင်း အတွက် ပွဲစဉ် အချို့ ကစား ပေးခဲ့ ပါတယ် ။ သူ့ဆီမှာ စိတ်လှုပ်ရှားဖွယ် ကောင်းတဲ့ ပါရမီကောင်း အချို့ ရှိနေ ပါတယ် ။ သူ့ရဲ့ အလုပ် ပါမစ် ရနိုင်ဖို့ ၊ ဇန်နဝါရီ မှာ ကျွန်တော် တို့နဲ့ အတူ ရှိနေ နိုင်ဖို့ အတွက် မျှော်လင့် နေပါတယ် ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular