ချယ်လ်ဆီးအသင်းနည်းပြ သောမတ်စ်တူဟယ်လ်က ကစားသမားအချို့မှာ အသင်း၌ ဆက်နေရန် ဆန္ဒရှိသော်လည်း အချို့မှာမူ ထွက်ခွာလိုနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းဝက်ဘ်ဆိုက်နှင့် တွေ့ဆုံမှုတွင် တူဟယ်လ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်း၏စိတ်ကြိုက်မဟုတ်သည့် အေဘရာဟမ်၊ ဒရင့်ဝါတာစသည့် ကစားသမားအချို့ လမ်းခွဲရဖွယ်ရှိကြောင်း မီဒီယာများက ခန့်မှန်းဖော်ပြလျက်ရှိသည်။
“အငှားပြန်ရောက်လာသူတွေနဲ့ စီနီယာ ကြယ်ပွင့်ကစားသမားတွေအတွက် ပြင်ဆင်ဖို့ အချိန်နည်းနည်းပဲရှိပါတယ်။ အရင်က ဒါမျိုး မဖြစ်ဖူးပါဘူး။ အခုမှကြုံရတာပါ။ စိုးရိမ်မှုတော့ မရှိပါဘူး။ ဒါပေမဲ့ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေ ဘယ်လိုရှိမလဲဆိုတာတော့ သိချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့တွေက မိသားစုတွေကိုထားခဲ့ရတာ၊ တချို့တွေက အငှားကစားတဲ့ကလပ်မှာပဲ ဆက်နေချင်တာ၊ တချို့တွေက အဲဒီလိုဖြစ်နိုင်ခြေမရှိတာ စတဲ့အခြေအနေတွေရှိတာကို မေ့ထားလို့ မရပါဘူး။ တချို့တွေက နှစ်ရာသီ၊ သုံးရာသီလောက် ရာသီကြိုကာလတွေကို ဖြတ်သန်းပြီးပါပြီ။ တချို့တွေက ဆက်နေရမယ့်အခွင့် အရေးအတွက် မျှော်လင့်ထားကြပြီး တချို့ကတော့ ထွက်ခွာချင်နေတာမျိုးရှိလိမ့်မယ်။ သူတို့တွေက လူသားတွေပါ။ စက်ရုပ်တွေ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့အနေ နဲ့ အခြေအနေအမျိုးမျိုးကို လက်ခံနိုင်ရပါ မယ်။ ဒါက သူတို့အတွက်လည်း အလွယ်ကူ ဆုံးအခြေအနေတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ဆီမှာ ဒီလိုလုံးလုံးလျားလျားဆန့် ကျင်ဘက်အခြေအနေမျိုး ရင်ဆိုင်ရတဲ့ အတွေ့ အကြုံရှိပြီးသားပါ။ ဒီကစားသမားအစုအဖွဲ့က ကြိုးစားအားထုတ်မှုရှိတယ်၊ သင်ယူလိုစိတ်ပြင်းပြတယ်၊ လေ့ကျင့်ရေးအစီအစဉ်တိုင်းမှာ ဆာလောင်မှုရှိတာကြောင့် ရှေ့ဆက်သွားဖို့ အဆင်သင့်ဖြစ်နေပါပြီ”ဟု တူဟယ်လ်က ပြောကြားခဲ့သည်။