ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရာသီ တွင် ကစားသမားရောင်းချခြင်းမှ ယူရိုသန်း (၁၂၀)ရရှိခဲ့ပြီးနောက် ကစားသမားရောင်းချခြင်းမှ ယူရိုသန်း (၁၀၀)အထက်ကို (၄)ရာသီဆက်တိုက် ရရှိခဲ့သည့် ပထမဆုံးလာလီဂါကလပ်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ပြီးခဲ့သည့် စနေနေ့ (စက်တင်ဘာ ၁၉ ရက်နေ့)က အသင်း ၏ ဘယ်နောက်ခံလူ ရယ်ဂီလွန် (၂၃ နှစ်)အား စပါးအသင်းထံ ယူရိုသန်း (၃၀) (Add-on ကြေး ယူရို ၅ သန်း) ဖြင့် ရောင်းချခဲ့ပြီးနောက် ယခုနွေရာ သီအပြောင်းအရွှေ့ကာလအတွင်း အသင်း၏ ကစားသမားရောင်းချခြင်းမှ ဝင်ငွေစုစုပေါင်း ယူရို သန်း(၁၂၀)အထိ ရှိလာခဲ့ခြင်းဖြစ်သည်။
ရီးယဲလ် အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာ လအတွင်း နောက်ခံလူ ဟာကီမီကို အင်တာမီ လန်အသင်းသို့ ယူရိုသန်း (၄၀)၊ ကွင်းလယ်တိုက် စစ်ကစားသမား အော်စကာရိုဒရီဂွက်ဇ်ကို ဆီဗီလာအသင်းသို့ ယူရို (၁၅)သန်း၊ တောင်ပံကစား သမား ဟာမီးစ်ရိုဒရီဂွက်ဇ်ကို အဲဗာတန်အသင်း သို့ ယူရို (၂၅) သန်း၊ နောက်ခံလူ ဟာဗီဆန်းချက်ဇ် ကို ဗယ်လာဒိုလစ်အသင်းသို့ ယူရို (၃)သန်း၊ တောင်ပံကစားသမား ဂျော်ဂျီဒီဖရူတို့စ်နှင့် တိုက် စစ်မှူး ဒါနီဂိုးမက်ဇ်တို့ကို လီဗန်တေးအသင်းသို့ ယူရို (၅)သန်း၊ ကွင်းလယ်တိုက်စစ်ကစားသမား အယ်လ်ဘာတိုဆိုရိုကို ဂရန်နာဒါအသင်းသို့ ယူရို (၂)သန်းတို့ဖြင့် ရောင်းချထားပြီး ယခု ရယ်ဂီလွန် ကိုပါ ထပ်မံရောင်းချခဲ့ခြင်းဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ယခုရာ သီတွင် ကစားသမားသစ် ခေါ်ယူမှုမရှိသေးဘဲ ကစားသမားရောင်းချခြင်းများကို ဆက်တိုက်ဆို သလိုပြုလုပ်နေခြင်းဖြစ်ပြီး ယခုရောင်းချထား သည့် ကစားသမား (၈)ဦးတွင် ဟာမီးစ်ရိုဒရီဂွက်ဇ် မှလွဲ၍ ကျန်ကစားသမား (၇)ဦးမှာ ပြီးခဲ့သည့် ရာသီက အငှားချထားသည့် ကစားသမားများဖြစ် သည်။
ထို့ပြင် ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် အသင်းတိုက်စစ်မှူးတစ်ဦးဖြစ်သည့် မာရီယာ နိုဒီယက်ဇ်ကိုလည်း ရောင်းချရန်စီစဉ်ထားပြီး၊ ၎င်းင်းကိုရောင်းချနိုင်ခဲ့ပါက အသင်းသမိုင်းတစ် လျှောက် ကစားသမားရောင်းချခြင်းမှ ငွေကြေး အများဆုံးရာသီအဖြစ် မှတ်တမ်းဝင်နိုင်ဖွယ်ရှိ နေသည်။ ယခင်ရီးယဲလ်မက်ဒရစ်အသင်း၏ တစ် ရာသီအတွင်း ကစားသမားရောင်းချခြင်းမှ ငွေ ကြေးအများဆုံးရရှိခဲ့သည့်ရာသီမှာ ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီဖြစ်ပြီး စုစုပေါင်း ယူရိုသန်း(၁၃၀) အထိ ရရှိခဲ့ခြင်းဖြစ်သည်။
လာလီဂါထိပ်သီး (၃)သင်း၏ နောက်ဆုံး (၄)ရာသီကစားသမားရောင်းချမှု
ရာသီ ရီးယဲလ်မက်ဒရစ် (ယူရို) ဘာစီလိုနာ (ယူရို) အက်သလက်တီကို (ယူရို)
၂၀၁၇-၁၈ ၁၁၅ သန်း ၂၃၀ သန်း ၈၃ သန်း
၂၀၁၈-၁၉ ၁၂၃ သန်း ၁၂၉ သန်း ၅၈ သန်း
၂၀၁၉-၂၀ ၁၃၀ သန်း ၁၄၀ သန်း ၃၁၀ သန်း
၂၀၂၀-၂၁ ၁၂၀ သန်း ၉၄ သန်း ၈ သန်း