spot_img

ကစားသမားများစွာပြောင်းလဲခြင်းဖြင့် FA ဖလားပြိုင်ပွဲကို မလေးမစား ပြုလုပ်သည်ဆိုသည့် စွပ်စွဲမှုများအား ဂွါဒီယိုလာ ပြန်လည်တုံ့ပြန်

ပြီးခဲ့သည့် စနေနေ့က ကစားခဲ့သော FA ဖလား ဆီမီး ဖိုင်နယ်ပွဲစဉ် ချယ်လ်ဆီး (၁-၀) မန်စီးတီးပွဲအပြီး၌ မန်စီးတီး အသင်းနည်းပြ ဂွါဒီယိုလာက FA ဖလားပြိုင်ပွဲကို မလေးမ စားပြုလုပ်သည်ဆိုသည့် စွပ်စွဲမှုများအား ငြင်းဆန်ပယ်ချခဲ့ ပြီး မီဒီယာသမားများကို ပြန်လည်တုံ့ပြန်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

ယင်းပွဲတွင် ဂွါဒီယိုလာသည် ပြီးခဲ့သည့်တစ်ပတ် ချန်ပီ ယံလိဂ်ကွာတားဖိုင်နယ် (ဒုတိယအကျော့)ပွဲစဉ် ဒေါ့မွန် (၁-၂)မန်စီးတီးပွဲလူစာရင်းမှ ကစားသမား(၈)ဦးအထိကို အပြောင်းအလဲပြုလုပ်ကာ ချယ်လ်ဆီးအသင်းအား ရင်ဆိုင် ခဲ့ခြင်းဖြစ်သည်။ ချယ်လ်ဆီးအသင်းမှာလည်း ပြီးခဲ့သည့်တစ် ပတ်က ချန်ပီယံလိဂ်ကွာတားဖိုင်နယ် (ဒုတိယအကျော့) ပွဲစဉ်အဖြစ် ပေါ်တိုအသင်းနှင့်ကစားခဲ့ရပြီး ယင်းပွဲတွင် (၀-၁)ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။ ချယ်လ်ဆီးအသင်းသည် ယင်း ပေါ်တိုနှင့်ပွဲလူစာရင်းမှ ကစားသမား (၃)ဦးကိုသာ အပြောင်း အလဲပြုလုပ်ကာ မန်စီးတီးအသင်းရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ ချန်ပီယံလိဂ်ပွဲမှ ပွဲထွက်ကစားသမားအများစုကို ယင်းကဲ့ သို့ များစွာအပြောင်းအလဲပြုလုပ်ခဲ့ခြင်းအတွက် ဂွါဒီယိုလာ အား လူမှုကွန်ရက်စာမျက်နှာများ၌ ဝေဖန်မှုများ ထွက်ပေါ် ခဲ့သလို၊ မီဒီယာများကလည်း ယင်းအကြောင်းအရာနှင့် ပတ် သက်၍ မေးမြန်းကြရာ ဂွါဒီယိုလာက ပြန်လည်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

myan789

”ကျွန်တော်တို့ ဒီပွဲကို အလေးမနက်မထားဘဲ ကစား ခဲ့တယ်လို့ ခင်ဗျားတို့ဆိုလိုတာလား။ စတာလင်ဖြစ်စေ၊ ဖယ် ရန်တောရက်စ်ဖြစ်စေ၊ ဂျေးဆူဖြစ်စေ ဒီပွဲမှာကစားဖို့ မထိုက် တန်ဘူးလား။ ကျွန်တော်ကတော့ ဒီပွဲကို မလေးမစားလုပ် တယ်လို့ မထင်ပါဘူး။ ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲအားလုံးရဲ့နောက် ဆုံးအဆင့်တွေ ကိုရောက်ရှိနေတဲ့ အသင်းတစ်သင်းအနေနဲ့ အပြောင်းအလဲပြုလုပ်ကစားရမှာပါပဲ။ ခင်ဗျားတို့အနေနဲ့ ဒီ လို (မလေးမစားပြုလုပ်သည်ဟု စွပ်စွဲခြင်း) ပြောလို့မရပါဘူး။ ခင်ဗျားတို့ပြောချင်ရင် ပွဲရှုံးခဲ့တာကို ပြောနိုင်ပါတယ်”ဟု ဂွါ ဒီယိုလာက မီဒီယာသမားများအား ပြန်လည်တုံ့ပြန်ပြောဆို ခဲ့သည်။

ထို့ပြင် ဂွါဒီယိုလာက ယင်းပွဲ၌ အနိုင်ယူသွားခဲ့သော ချယ်လ်ဆီးအသင်းကို ချီးကျူးခဲ့ပြီး ချယ်လ်ဆီးအသင်းမှာ ကစားသမားသစ်များစွာဖြင့် ဖွဲ့စည်းထားသော်လည်း ထိပ် တန်းအသင်းတစ်သင်းဖြစ်ကြောင်း၊ မိမိတို့အတွက် ယင်းပွဲ မှာ အလွန်ခက်ခဲသည့် ပွဲတစ်ပွဲဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular