spot_img

ကစားသမားဘဝကနေ အနားယူဖို့ စဉ်းစားနေတဲ့ ရိုးမားစတား ဟမ်မဲလ်

ရိုးမားအသင်းစတား ဟမ်မဲလ်တစ်ယောက် ရာသီအစဆိုးဝါးမှုတွေနဲ့ကြုံတွေ့ခဲ့ရပြီးနောက် ကစားသမားဘဝကနေ အနားယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

အသက် ၃၅ နှစ်သားဟာ ဒေါ့မွန်ကနေ ထွက်ခွာပြီးနောက် ရိုးမားအသင်းထံ အလွတ်နဲ့ပြောင်းရွှေ့ခဲ့ကာ စီးရီးအေမှာ ၂၃ မိနစ်သာ ပါဝင်ခွင့်ရရှိပါသေးတယ်။

myan789

ရိုးမားအသင်းအခြေအနေကလည်း ဆိုးဝါးနေပြီး လက်ရှိမှာ နည်းပြ ၂ ဦးအထိ ထုတ်ပယ်ထားခဲ့သလို စီးရီးအေ ၁၂ ပွဲမှာလည်း ၃ ပွဲသာ အနိုင်ရရှိထားခဲ့ကာ အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။

ကစားချိန်ပြတ်လပ်တဲ့အနေအထားမှာ ဟမ်မဲလ်က သူ့အနာဂတ်ကို စဉ်းစားနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

စကိုင်းစပေါ့တ်သတင်းဌာနကလည်း ဂျာမန်သားဟောင်းဟာ လာမယ့်ဇန်နဝါရီမှာ အသင်းကနေထွက်ခွာဖို့ စဉ်းစားနေသလို တကယ်လို့သင့်လျော်တဲ့အသင်းမတွေ့ခဲ့ရင် ကစားသမားဘဝကနေ အနားယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ရိုးမားအသင်းဟာ နည်းပြသစ်အဖြစ် ရာနီရေးနီကိုခန့်အပ်ထားပြီး သူ့လက်အောက်မှာ နေရာပိုရလာဖို့ ဟမ်မဲလ်က မျှော်လင့်နေပါတယ်။

Roma star Mats Hummels considering retirement

“ကျွန်တော် ပွဲအနည်းငယ်ကြည့်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကောင်လေးဘာကြောင့်ကစားခွင့်မရတာလဲ?။ ဆက်လက်စောင့်ကြည့်ရပါမယ်။ သူက အသက်အရွယ်တစ်ခုရနေပါပြီ။ ကျွန်တော်အနိုင်ရဖို့အတွက် ရွေးချယ်မှာပါ။

နည်းပြကောင်းတစ်ခုအနေနဲ့ အမှားအနည်းငယ်ပဲလုပ်ခွင့်ရှိပါတယ်”လို့ ရာနီရေးနီက ပြောကြားခဲ့ပါတယ်။ ဂျာမန်စတားဟောင်းဟာ အနာဂတ်နဲ့ပတ်သက်ပြီး မဆုံးဖြတ်ရသေးပေမယ့် ရာနီရေးနီလက်အောက်မှာ ပွဲထွက်ခွင့်ရလာခဲ့ရင် အခြေအနေကတစ်မျိုးပြောင်းလဲနိုင်တာဖြစ်ပါတယ်။

ရိုးမားအသင်းဟာ လာမယ့်နိုဝင်ဘာ ၂၄ ရက်နေ့မှာ နာပိုလီအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular