မန်ယူအသင်းသည် ဒေါ့မွန်အ သင်းမှ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူရန် ကစားသမားနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီးဖြစ်သော်လည်း ယူရို(၇၈)သန်းဖြင့် ပထမဆုံးအကြိမ်ကမ်းလှမ်းမှုကို ဒေါ့မွန်အသင်းက ပယ်ချလိုက် ကြောင်း သိရသည်။
မန်ယူအသင်းသည် ဆန်ချိုကို ခေါ်ယူရန် ပြီးခဲ့သည့်နှစ် နွေရာသီ ကတည်းက ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ပြောင်းရွှေ့ကြေး မြင့်မားမှုကြောင့် လက်လျှော့ခဲ့ရခြင်းဖြစ်သည်။
ယခုနွေရာသီတွင် ဒေါ့မွန်အသင်းက ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးကို ယမန်နှစ်ကထက် လျှော့ချပေးရန် စီစဉ်လာခဲ့သည့်အတွက် မန်ယူအသင်းက ထပ်မံကြိုးပမ်းခဲ့ခြင်းဖြစ်သော်လည်း ပထမဆုံးအကြိမ် ကမ်းလှမ်းမှု ပယ်ချခံခဲ့ရခြင်းဖြစ်သည်။
သို့သော် မန်ယူအသင်းသည် ဆန်ချိုနှင့် သဘောတူညီမှု ရရှိထားပြီဖြစ်ပြီး (၅) နှစ်စာချုပ် ချုပ်ဆိုရန်နှင့် တစ်နှစ်လစာ ပေါင်(၁၃)သန်းဝန်းကျင် ပေးချေသွားရမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မန်ယူအသင်းအနေဖြင့် ဒေါ့မွန်အသင်းနှင့် ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိရန် ထပ်မံကြိုးပမ်းရမည်ဖြစ်ပြီး ဒေါ့မွန်အသင်းက ယူရို (၉၅)သန်းဝန်းကျင် အလိုရှိနေသည်။