ဘာစီလိုနာအသင်းသည် ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား ကင်မစ်ချ်အား ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။
အသက် (၂၈) နှစ်အရွယ်ရှိ ဂျာမန်လက်ရွေးစင်ကွင်းလယ်ကစားသမား ကင်မစ်ချ်သည် ၂၀၂၅ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ကင်မစ်ချ်အား စာချုပ်သက်တမ်းတိုးလိုသော်လည်း ကစားသမားဘက်က ငြင်းပယ်ပါက လာမည့် ၂၀၂၄ နွေရာသီတွင် ရောင်းထုတ်ရန် အသင့်ရှိနေကြောင်း ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့သည်။
ဘာစီလိုနာနည်းပြ ဇာဗီသည် ဘူးစကွက်စ်နေရာတွင် အစားထိုးရန်အတွက် ကင်မစ်ချ်ကို ခေါ်ယူလိုနေကြောင်း သိရှိရသည်။
ကင်မစ်ချ်အား ခေါ်ယူရန် မန်စီးတီး၊ အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းတို့ကလည်း စိတ်ဝင်စားနေပြီး ဘိုင်ယန်မြူးနစ်အသင်းက ၎င်းအတွက် ပြောင်းရွှေ့ကြေး ယူရို (၇၅)သန်း တောင်းဆိုဖွယ်ရှိကြောင်း သိရသည်။