spot_img

(၈)မှတ်ဖြတ်၍ ဦးဆောင်ထားနိုင်ပြီဖြစ်သော်လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဝေးကြီးလိုနေသေးသည်ဟု ဂွါဒီယိုလာ ပြောကြား

မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာက ဘရန့်ဖို့ဒ်အသင်းကို အဝေးကွင်းတွင် (၁-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲအပြီး၌ အဓိကပြိုင်ဘက်အသင်းများဖြစ်သည့် ချယ်လ်ဆီးနှင့် လီဗာပူးလ်တို့ကို (၈)မှတ်နှင့် (၉)မှတ်အသီးသီးဖြတ်ထားနိုင်ပြီဖြစ်သော်လည်း ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆုအတွက် အဝေးကြီးလိုနေသေးသည်ဟု ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် အိမ်ကွင်းတွင် ဘရိုက်တန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲစဉ်၌ (၁-၁) ဂိုးဖြင့် သရေကျခဲ့ပြီး လီဗာပူးလ်အသင်းကလည်း ယင်းမတိုင်မီနေ့က ပွဲစဉ်တွင် လက်စတာအသင်းကို (၀-၁)ဂိုး ဖြင့် ရှုံးနိမ့်ထားရာ မန်စီးတီးအသင်းသည် ရမှတ် (၈)မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

myan789

မန်စီးတီးအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ကွင်းလယ်လူ ဖီးလ်ဖိုဒန်က သွင်းယူခဲ့ခြင်းဖြစ်ပြီး ယင်းဂိုးသည် ယခုရာသီတွင် ဖိုဒန်အတွက် (၅)ဂိုးမြောက် သွင်းဂိုးလည်းဖြစ်သည်။

ထို့အတူ ယင်းနိုင်ပွဲသည် မန်စီးတီးအသင်း၏ ပရီးမီးယားလိဂ် (၁၀)ပွဲဆက်တိုက် နို်င်ပွဲလည်းဖြစ်ခဲ့ပြီး ဂွါဒီယိုလာက ချယ်လ်ဆီးနှင့် လီဗာပူးလ်တို့ အမှတ်လျော့နေကြခြင်းထက် ယင်းကဲ့သို့ (၁၀)ပွဲဆက်အနိုင်ရခြင်းက (၈) မှတ်ဖြတ်နိုင်စေခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။

“အမှတ်ပေးပြိုင်ပွဲမှာ နောက်ထပ် (၅၄)မှတ်စာ ယှဉ်ပြိုင်ဖို့ ကျန်နေပါသေးတယ်။ အားလုံးကိုပြောချင်တာက ခင်ဗျားတို့ရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ စကားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ နိုင်ပွဲအတွက်ပါ။ ဒါပေမဲ့ ပရီးမီးယားလိဂ်အမှတ်ပေး ချန်ပီယံဆုအတွက် အဖြေပေါ်သွားပြီဆိုတဲ့ စကားလုံးတိုင်းကိုတော့ ကျွန်တော် အယုံအကြည်လုံးဝမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ချယ်လ်ဆီးနဲ့ လီဗာပူးလ်တို့ဟာ အရမ်းကောင်းတယ်ဆိုတာထက် ပိုတဲ့အသင်းတွေဖြစ်နေလို့ပါ။ တစ်သင်းက ဥရောပရဲ့ ချန်ပီယံအသင်းဖြစ်ပြီး နောက်တစ်သင်းက ဒီဘက်နှစ်တွေမှာ ကျွန်တော်တို့အ သင်းရဲ့ အဓိကပြိုင်ဘက်အဖြစ် အမြဲရပ်တည်ခဲ့တဲ့ အ သင်းဖြစ်ပါတယ်။ လက်ရှိ ကွာခြားသွားတဲ့ အမှတ်အရေအတွက်ဟာ သူတို့ အမှတ်တွေလျော့နေလို့ ဆိုတာထက် ကျွန်တော်တို့က (၁၀)ပွဲဆက် အနိုင်ရခဲ့တယ်ဆိုတဲ့ စွမ်းဆောင်ရည်ကြောင့်ဖြစ်ပါတယ်။ (အမှတ်လျော့ခြင်းသည် ပုံမှန်သာဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်) ဒါကြောင့် အမှတ် ပေးပြိုင်ပွဲက မပြီးဆုံးသေးပါဘူး”ဟု ပြောကြားခဲ့သည်။

ချယ်လ်ဆီး၊ မန်စီးတီးနှင့် လီဗာပူးလ်အသင်းတို့ သည် ဒီဇင်ဘာလအစက အမှတ်ပေးချန်ပီယံဆုအတွက် အပြိုင်ဖြစ်ခဲ့ကြပြီး မြင်း (၃)ကောင်ပြေးသည့် ပြိုင်ပွဲတစ်ခုအဖြစ် ယူဆခဲ့ရာမှ နောက်ပိုင်းပွဲစဉ်များတွင် ရမှတ်များ တဖြည်းဖြည်းကွာဟလာခဲ့ခြင်းဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular