spot_img

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြည့်အဝအာရုံစိုက်နေတဲ့ ဂျာမနီအသင်းနည်းပြနာဂယ်စ်မန်း

နေးရှင်းလိဂ်အုပ်စုအဆင့်မှာ အုပ်စုဗိုလ်ဖြစ်လာဖို့သေချာခဲ့ပြီးနောက် အခုညပိုင်း၊ ဘူဒါပတ်မြို့မှာ ဟန်ဂေရီနဲ့ရင်ဆိုင်ရမယ့် အုပ်စုနောက်ဆုံးပွဲစဉ်ကို ဂျာမနီအသင်းအနေဖြင့် အပြည့်အဝအာရုံစိုက်စရာ မလိုအပ်ပေမယ့် နည်းပြနာဂယ်စ်မန်းအတွက်တော့ ၂၀၂၆ ကမ္ဘာ့ဖလားမတိုင်ခင် အသင်းရဲ့တိုးတက်မှုတွေကို တိုင်းတာနိုင်မယ့် အဓိကခြေလှမ်းတစ်ရပ်အဖြစ် မှတ်ယူနိုင်ပါတယ်။
မတ်လမှာကျင်းပမယ့် နေးရှင်လိဂ်ကွာတားဖိုင်နယ်အဆင့်ဆီ တက်ရောက်နိုင်ဖို့ သေချာထားတဲ့ ဂျာမန်တွေက ပြီးခဲ့တဲ့စနေနေ့၊ ဘော့စနီးယားနှင့်ဟာဇီဂိုးဗီးနားအသင်းကို ၇-၀ ဂိုးဖြင့်အနိုင်ယူပြီးနောက် နေရှင်းလိဂ်အုပ်စု A(3)ရဲ့ အုပ်စုဗိုလ်ဖြစ်လာဖို့ ထပ်သေချာသွားပါတယ်။`
တနင်္လာနေ့သတင်းစာရှင်းလင်းပွဲအတွင်း နာဂယ်စ်မန်းက “အခုအုပ်စုနဲ့ပတ်သက်ပြီး စိုးရိမ်စရာတွေ ထင်ထားသလောက်မရှိတော့လို့ ကြီးမားတဲ့စိတ်အားလှုံ့ဆော်မှုမျိုး မရှိနေပါဘူး။ ကျွန်တော်တို့တွေ အုပ်စုဗိုလ်ဖြစ်သွားပါပြီ။ ဖွံ့ဖြိုးတိုးတက်ချင်စိတ်မှသာ စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုတွေကို ကျွန်တော်တို့ ရရှိခဲ့ပါတယ်။
ကမ္ဘာ့ဖလားမတိုင်ခင် ပွဲစဉ်တွေအများကြီးကစားရဖို့ မရှိပါဘူး။ နည်းနည်းလောက်ပဲ ကစားရမှာပါ။ ကမ္ဘာ့ဖလားခြေစစ်ပွဲသာ အောင်မြင်မယ်ဆိုရင် အချိန်လုံးဝကို နည်းပါးသွားပါလိမ့်မယ်။ ဒါကြောင့် အသင်းရဲ့တိုးတက်မှုပိုင်းကိုဆောင်ရွက်ဖို့ အချိန်အကန့်အသတ်ရှိနေပါတယ်”လို့ ပြောပါတယ်။
ကမ္ဘာ့ဖလားချန်ပီယံဆုကို လေးကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့တဲ့ ဂျာမန်တွေက နေးရှင်းလိဂ်ပြိုင်ပွဲမှာ ပြသခဲ့တဲ့ ပုံစံကောင်းတွေနဲ့အတူ အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုတို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၆ခုနှစ် ပြိုင်ပွဲကြီးမှာ အောင်ပွဲရယူနိုင်ဖို့ အာရုံစိုက်နေပါတယ်။

Germany coach Nagelsmann is fully focused on the 2026 World Cup

၂၀၁၄ ခုနှစ်မှာ နောက်ဆုံးအကြိမ် ကမ္ဘာ့ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တဲ့ ဂျာမနီက ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ကြိမ်မှာ အုပ်စုအဆင့်မှလှည့်ပြန်ခဲ့ရသလို ယူရို-၂၀၂၀ ပြိုင်ပွဲမှာ နောက်ဆုံး ၁၆ သင်းရှုံးထွက်အဆင့်၊ အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်တွေနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
နာဂယ်စ်မန်းက “ကျွန်တော်တို့တွေ အချိန်ဖြုန်းလို့ မရပါဘူး။ ဒါက အချိန်တိုင်းမှာ အရာရာတိုင်းကို ပြီးပြည်စုံမှုရှိနေအောင် လုပ်ဆောင်ရမယ်လို့ မဆိုလိုပါဘူး။
နိုင်ပွဲတွေဆိုတာ ကျွန်တော်တို့အတွက် အမြဲတမ်းအရေးကြီးပါတယ်။ ဒီညပွဲစဉ်မှာ အနိုင်မရရှိဘူးဆိုရင်လည်း ကျွန်တော်တို့အတွက် ပြိုလဲသွားစရာမရှိပါဘူး။ ဒီပွဲစဉ်ရလဒ်ပိုင်းက ကျွန်တော်တို့ကစားပြမယ့်ကစားပုံလောက် အရေးမကြီးပါဘူး။
ကျွန်တော်တို့မှာ တိုးတက်လာအောင်လုပ်ဆောင်ဖို့အတွက် အချိန်များများစားစားမရှိပါဘူး။ ဒါကြောင့် အခုပွဲစဉ်ကို အကျိုးရှိရှိအသုံးချသွားရပါလိမ့်မယ်”လို့ ဆိုပါတယ်။

myan789

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular