spot_img

၂၀၂၅ ခုနှစ်တွင် အသင်း(၃၂)သင်းဖြင့် တိုးမြှင့်ကျင်းပမည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ချယ်လ်ဆီးနှင့် မန်စီးတီး ယှဉ်ပြိုင်ခွင့်ရပြီး မန်ယူနှင့် လီဗာပူးလ် လွဲချော်

၂၀၂၅ ခုနှစ်တွင် ပြိုင်ပွဲဝင်အသင်း(၃၂)သင်းဖြင့် တိုးမြှင့်ကျင်းပမည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အင်္ဂလန်ကိုယ်စားပြုအဖြစ် ချယ်လ်ဆီးနှင့် မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး မန်ယူနှင့်လီဗာပူးလ်အသင်းတို့ လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၂၃ ခုနှစ်အထိ ပြိုင်ပွဲဝင်အသင်း (၇)သင်းဖြင့်သာ ကျင်းပခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင် (၃၂)သင်းပါဝင်သည့်ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပမည်ဖြစ်သည်။ ၂၀၂၃ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ရှိအချိန်တွင် ဆော်ဒီနိုင်ငံ၌ ကျင်းပလျက်ရှိပြီး ဖီဖာကောင်စီအစည်းအဝေးကို ယင်းနိုင်ငံတွင် တနင်္ဂနွေနေ့က ပြုလုပ်ကာ ၂၀၂၅ ပြိုင်ပွဲအတွက် ဝင်ခွင့်ခွဲတမ်းသတ်မှတ်မှုကို သဘောတူညီချက် ရယူခဲ့ကြသည်။

myan789

အဆိုပါသဘောတူညီချက်အရ ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာရှမှ (၄)သင်း၊ အာဖရိကမှ (၄)သင်း၊ ကွန်ကာကပ်ဖ်ဒေသမှ (၄)သင်း၊ တောင်အမေရိကမှ (၆)သင်း၊ သမုဒ္ဒရာပိုင်းမှ (၁)သင်း၊ ဥရောပမှ (၁၂)သင်းနှင့် အိမ်ရှင်နိုင်ငံမှ (၁)သင်း ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။

ဥရောပမှ အသင်း(၁၂)သင်းတွင် ယခုရာသီအပါအဝင် နောက်ဆုံး(၄)ရာသီအတွင်း ချန်ပီယံလိဂ်ဖလားရရှိသည့်အသင်းများ ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သောကြောင့် ချယ်လ်ဆီး၊ ရီးယဲလ်မက်ဒရစ်နှင့် မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။  ယင်းအသင်းများနှင့်အတူ အဆိုပါ(၄)ရာသီကာလအတွင်း ဥရောပ၌ စွမ်းဆောင်ရည်အကောင်းဆုံး(၈)သင်း ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ရာ လက်ရှိအချိန်တွင် ဘိုင်ယန်မြူးနစ်၊ PSG၊ အင်တာမီလန်၊ ပေါ်တိုနှင့် ဘင်ဖီကာတို့ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိရန် သေချာသွားခဲ့ပြီး ကျန်(၃)နေရာအတွက်မူ ယခုရာသီ၏ စွမ်းဆောင်ရည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့်(၃)ရာသီအတွင်း ချန်ပီယံလိဂ် ပြိုင်ပွဲ၌ စွမ်းဆောင်ရည်ကောင်းမွန်ခဲ့သည့်အတွက် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရနိုင်သည့် အလားအလာရှိခဲ့သော်လည်း ဖီဖာကောင်စီက နိုင်ငံတစ်နိုင်ငံမှ ကလပ်အသင်းနှစ်သင်းအထိသာ ယှဉ်ပြိုင်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့သောကြောင့် ချယ်လ်ဆီးနှင့် မန်စီးတီးတို့သာ ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

သို့သော်ခြွင်းချက်အဖြစ် နောက်ဆုံး(၄)ရာသီအတွင်း နိုင်ငံတစ်နိုင်ငံတည်းမှ ကလပ်အသင်းများက ချန်ပီယံလိဂ်ဖလားကို (၂)ကြိမ်ထက်ပို၍ ရယူနိုင်ခဲ့ပါက ယင်းနိုင်ငံမှ ကလပ်အသင်းများကို နှစ်သင်းထက်ပို၍ ယှဉ်ပြိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရှုံးထွက်(၁၆)သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး ဗိုလ်စွဲရန် ရေပန်းအစားဆုံးအသင်းများထဲတွင်လည်း ပါဝင်နေသည့် အာဆင်နယ်အသင်းမှာ ချန်ပီယံဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါက ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိနိုင်မည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို အမေရိကန်နိုင်ငံတွင် ကျင်းပရန်လည်း ဖီဖာက ဆုံးဖြတ်ရွေးချယ်ခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular