spot_img

၂၀၂၂ ကမ္ဘာ့ဖလားတွင် မက်ဆီဝတ်ဆင်ခဲ့သည့် ဂျာစီခြောက်ထည်ကို  ဒေါ်လာ ၇ ဒသမ ၈ သန်းဖြင့် လေလံတင် ရောင်းချ

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဝတ်ဆင်ခဲ့သည့် ဂျာစီများအနက် ခြောက်ထည်ကို ဒေါ်လာ ၇ ဒသမ ၈ သန်းဖြင့် လေလံတင် ရောင်းချခဲ့ကြောင်း သိရသည်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မက်ဆီ ဝတ်ဆင်ခဲ့သည့် ဂျာစီခြောက်ထည်ကို ဒီဇင်ဘာ ၁၄ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Sotheby’s အနုပညာကုမ္ပဏီ ရုံးချုပ်၌ လေလံတင်ရောင်းချခဲ့ခြင်းဖြစ်သည်။ 

myan789

လေလံတင်ရောင်းချခဲ့သည့် ဂျာစီများမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်နှစ်ပွဲ၊ ၁၆ သင်း အဆင့်၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲစဉ်များ၏ ပထမပိုင်းတွင် မက်ဆီ ဝတ်ဆင်ခဲ့သည့် ဂျာစီများဖြစ်သည်။ 

အဆိုပါ ဂျာစီခြောက်ထည်ကို စုစုပေါင်း ဒေါ်လာ ၇ ဒသမ ၈ သန်းဖြင့် လေလံတင်ရောင်းချခဲ့ရပြီး ယခုနှစ်အတွင်းရောင်းချသည့် အားကစားအမှတ်တရပစ္စည်းများနှင့် မက်ဆီ၏ အမှတ်တရပစ္စည်းများအနက် တန်ဖိုးအမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

သို့သော် ယခုရောင်းချမှုမှာ ၂၀၂၂ ခုနှစ် မေလတွင် ဘောလုံးလောက၏ တန်ဖိုးအမြင့်ဆုံး လေလံတင်ရောင်းချမှုအဖြစ် ဒေါ်လာ ၉ ဒသမ ၂၈ သန်းဖြင့် စံချိန်တင်ခဲ့သည့် အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာ၏  “Hand of God” ဂိုးသွင်းယူစဉ် ဝတ်ဆင်ခဲ့သည့် ဂျာစီတန်ဖိုးထက် နည်းပါးခဲ့ကြောင်း သိရသည်။ 

အားကစားလောကသမိုင်းတစ်လျှောက်  တန်ဖိုးအမြင့်ဆုံး ပွဲအတွင်းဝတ်ဆင်သည့် ဂျာစီ စံချိန်တင်ရောင်းချရမှုမှာ ၁၉၉၈ NBA Finals ပွဲစဉ် (၁) တွင် အမေရိကန်ဂန္ထဝင် ဘတ်စကက်ဘောကစားသမား မိုက်ကယ်ဂျော်ဒန်ဝတ်ဆင်ခဲ့သည့်ဂျာစီကို ၂၀၂၂ ခုနှစ် စက်တင်ဘာတွင် ဒေါ်လာ ၁၀ ဒသမ ၁ သန်း ဖြင့် ရောင်းချခဲ့ရခြင်းဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular