အာဆင်နယ်အသင်း၏ တိုက်စစ်မှူးဟောင်း သီယာရီအွန်နရီသည် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်း၏နည်းပြအ ဖွဲ့ဝင်အဖြစ် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးအထိ ရှိနေမည်ဖြစ်ကြောင်း သိရသည်။
အွန်နရီသည် ပြီးခဲ့သည့် ယူရို-၂၀၂၀ ပြိုင်ပွဲတွင်လည်း ဘယ်လ်ဂျီယံလက်ရွေးစင်အသင်း၏ နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် ပြန်လည်ဆောင်ရွက်ခဲ့သူဖြစ်သည်။
မေဂျာလိဂ်ကလပ် မွန်ထရီယဲလ်အင်ပတ်အသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် အွန်နရီသည် ဘယ်လ်ဂျီယံအသင်းနှင့် ဆက်လက်လက်တွဲသွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။