spot_img

၂၀၂၁ အဖွင့်မှာပဲ စပါယ်ရှယ် စံချိန်သစ် ၃ ခု ရယူသွားတဲ့ ရိုနယ်ဒို

ခရစ္စတီယာနို ရိုနယ်ဒို ဟာ မော်ဒန် ဘောလုံး လောက ရဲ့ အကောင်းဆုံး ကစား သမား တစ်ယောက် ဖြစ်သလို စံချိန် မှတ်တမ်းတွေ ကို တစ်ခုပြီး တစ်ခု ချိုးဖျက် နေတဲ့ Record Breaker တစ်ယောက် အဖြစ် လည်း ထင်ရှား ကျော်ကြား ခဲ့ ပါတယ် ။ ဆယ်စုနှစ် ၂ ခု နီးပါး ရှိတော့မယ့် သူ့ရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံး သမား ဘ၀ တစ်လျောက် မှာ ရိုနယ်ဒို ဟာ မြောက်များ လှစွာသော စံချိန် မှတ်တမ်း တွေကို တစ်ခုပြီး တစ်ခု ရယူ ပိုင်ဆိုင် နိုင် ခဲ့ ပါတယ် ။

ယမန်နေ့ ညက ကစား ခဲ့တဲ့ စီးရီးအေ ပွဲစဉ် အပြီး မှာတော့ ရိုနယ်ဒို ဟာ ဘရာဇီး ဂန္ထဝင် ဘောလုံး သမားကြီး ပီလီ ရဲ့ ဂိုးသွင်း မှတ်တမ်း ကို ကျော်ဖြတ် သွားနိုင် ခဲ့ ပါပြီ ။ အူဒီနီးစ် အသင်း ကို ၄ – ၁ နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲမှာ ရိုနယ်ဒို ဟာ ပွဲချိန် 31 နဲ့ 70 မိနစ် တွေ မှာ ၂ ဂိုး သွင်းယူ ခဲ့တာပဲ ဖြစ် ပါတယ် ။

myan789

ဒီဂိုးတွေ ဟာ ရိုနယ်ဒို ရဲ့ ပရို ကစား သမား ဘ၀ မှာ 757 နဲ့ 758 ဂိုးမြောက် တွေ ဖြစ်လာ ခဲ့ပြီး ပီလီ ရဲ့ 757 ဂိုး ကို ကျော်ဖြတ် သွားခဲ့ပြီ ဖြစ် ပါတယ် ။ ရိုနယ်ဒို ဟာ ပြီးခဲ့တဲ့ နှစ် အတွင်းက ပရို သွင်းဂိုး 700 ပြည့်မြောက် ခဲ့တာ ဖြစ်ပြီး နောက် တစ်နှစ် အကြာမှာပဲ အကောင်းတကာ့ အကောင်းဆုံး စံချိန် တစ်ခု နဲ့ လက်တစ်ကမ်း အကွာကို ရောက်ရှိ လာခဲ့တာ ဖြစ် ပါတယ် ။

ရိုနယ်ဒို ရဲ့ အထက် မှာတော့ ဆလားဗီးယား ပရပ် ဂန္ထဝင် ဂျိုဆပ် ဘီကမ် တစ်ဦးသာ ကျန်ရှိ တော့ပြီး 759 ဂိုး နဲ့ ဘောလုံး သမိုင်း တစ်လျောက် ဂိုး အများဆုံး သွင်းယူသူ အဖြစ် ရပ်တည် နေပါတယ် ။ ရိုနယ်ဒို ကတော့ နောက်ထပ် သွင်းဂိုး ၂ ဂိုး ရယူ လိုက်ပါက ဘီကန် ရဲ့ မှတ်တမ်း ကိုပါ ကျော်ဖြတ်ပြီး သမိုင်းသစ် ရေးထိုး နိုင်တော့ မှာ ဖြစ် ပါတယ် ။

ရိုနယ်ဒို ဟာ ယမန်နေ့ ညက ဂိုးသွင်း ခဲ့သလို ဂိုးဖန်တီးမှု ၁ ကြိမ်လည်း ပြုလုပ် နိုင်ခဲ့ ပါတယ် ။ ဒီလို ဂိုးသွင်း ခဲ့မှု ကြောင့် ပေါ်တူဂီ တိုက်စစ်မှူးကြီး ဟာ နှစ်ပေါင်း ၂၀ ဆက်တိုက် ဂိုးသွင်း နိုင်တဲ့ ကစား သမားလည်း ဖြစ်လာခဲ့ ပါတယ် ။ ရိုနယ်ဒို ဟာ ၂၀၀၂ ကနေ ပရော်ဖက်ရှင်နယ် သွင်းဂိုး စတင် ရရှိ ခဲ့တာ ဖြစ်ပြီး ၂၀၂၁ ရဲ့ ပထမ ဆုံး ပွဲမှာတင် နှစ် ၂၀ ဆက်တိုက် စံချိန် ကို ရယူ ခဲ့တာလည်း ဖြစ် ပါတယ် ။

ဒီနိုင်ပွဲကြောင့် ယူဗင်တပ် ဟာ စီးရီးအေ အမှတ်ပေး ဇယားရဲ့ အဆင့် ၅ နေရာကို တက်လှမ်း လာခဲ့ပါတယ် ။

ဒါ့အပြင် ရိုနယ်ဒို ဟာ ယမန်နေ့ ကပဲ ဆိုရှယ် မီဒီယာ ပလက်ဖောင်း တစ်ခု ဖြစ်တဲ့ Instagram မှာ ပရိသတ် သန်း ၂၅၀ ပြည့်မြောက်တဲ့ ပထမဆုံး အသုံးပြုသူ လည်း ဖြစ်လာခဲ့ ပါတယ် ခင်ဗျာ ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular