ပြီးခဲ့သည့်နွေရာသီတွင် ဘာစီလိုနာအသင်းနှင့် လမ်းခွဲပြီး PSG အသင်းသို့ ပြောင်းရွှေ့ခဲ့ သည့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် ၂၀၂၁ ခုနှစ်အတွင်း အင်္ကျီအရောင်းရဆုံးကစားသမားဖြစ်ခဲ့ကြောင်း သိရသည်။
မက်ဆီ၏ အမည်ပါ PSG အသင်းဝတ်စုံများမှာ ၂၀၂၁ ခုနှစ်တွင် (၁.၂)သန်းဝန်းကျင် ရောင်းချခဲ့ရပြီး စံချိန်တင်ခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းနှင့် ပြန်လည်လက် တွဲခဲ့သည့် စီရော်နယ်လ်ဒို၏ အင်္ကျီ (၁.၀၅)သန်း ရောင်းချခဲ့ရပြီး ဒုတိယနေရာရရှိခဲ့သည်။
ဘိုင်ယန်မြူးနစ်ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီး၏ အင်္ကျီကလည်း (၀.၉၇)သန်း ရောင်းချခဲ့ရကြောင်း သိရသည်။