spot_img

၂၀၀၀ ခုနှစ် ရွှေရောင်မျိုးဆက်မှာ နေရာရနိုင်တဲ့ လက်ရှိ အင်္ဂလန် အသင်း ကစားသမား ၄ ဦး နာမည်ကို ပြောကြားလိုက်တဲ့ ရွန်းနီ

ဝိန်းရွှန်းနီ က လက်ရှိ ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန် လက်ရွေးစင် အသင်းက ကစားသမားတွေထဲမှာ သူတို့ ခေတ်တုန်းက၂၀၀၀ ခုနှစ် ရွှေရောင်မျိုးဆက်တွင် ပါဝင် ကစားလို့ ရနိုင်တဲ့ ကစားသမား ၄ ဦးသာ ရှိတယ်လို့ ထုတ်ဖော် ပြောကြား လာခဲ့ပါတယ် ။

ရွန်းနီ ဟာ ၂၀၀၀ ခုနှစ် အစောပိုင်း ကာလတွေမှာ ဂျာရတ် ၊ လမ်းပတ် ၊ ပေါလ်စခိုးလ် ၊ အိုဝင် တို့ နဲ့ အတူ အင်္ဂလန် အသင်း ရဲ့ အဓိက ကစားသမား ဖြစ်ခဲ့သူပါ ။ ဒါပေမဲ့ ‌ရွှေရောင်မျိုးဆက် အင်္ဂလန် အသင်းဟာ ပရိသတ်တွေ မျှော်မှန်းထားသလို မဖြစ်ခဲ့ဘဲ ယူရို ၂၀၀၄ မှာရော ၂၀၀၆ ကမ္ဘာ့ဖလားမှာပါ ကွာတားဖိုင်နယ် အဆင့်နဲ့ ကျေနပ် ခဲ့ရပါတယ် ။

myan789

လက်ရှိ အင်္ဂလန် အသင်းကတော့ အရင် အင်္ဂလန် အသင်းတွေနဲ့ စာရင် အောင်မြင်မှုနဲ့ ပိုမို နီးစပ်တဲ့ အနေအထားတွေ ရောက်ခဲ့ကာ ၊ ပြီးခဲ့တဲ့ ယူရို ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲ အထိ တက်လှမ်း နိုင်ခဲ့ပါတယ်။ အရင်တုန်းက ရွှေရောင်မျိုးဆက် အသင်း နှင့် လက်ရှိ အသင်းကို နှိုင်းယှဉ်ဖို့ ဖြစ်လာတဲ့ အခါမှာ ရွန်းနီ က

” ကျနော်ကတော့ လက်ရှိ အသင်းရဲ့ နောက်ခံလူတွေထဲမှာ ဘယ်သူကမှ ကျနော်တို့ အသင်းမှာ နေရာ မရနိုင်ဘူးလို့ ထင်ပါတယ် ။ ပြန်ကြည့်လိုက်ရင် ကျနော်တို့ အသင်းမှာ ဖာဒီနန် ၊ ဂျွန်တယ်ရီ ၊ ဆိုးလ်ကမ်းဘဲလ် ၊ လက်ဒလေကင်း ၊ ကာရေဂါ ၊ ဂယ်ရီနဗီးလ် ၊ အက်ရှ်လေကိုးလ် တို့ ရှိနေခဲ့တာ‌လေ ။ ”

” တိုက်စစ်မှာဆိုရင်တော့ နေရာ ရနိုင်သူ အချို့ ရှိပါတယ် ။ ဟယ်ရီကိန်း က သေချာပေါက် ရာနှုန်းပြည့် နေရာ ရမယ့် ကစားသမားပါ ၊ ပြီးရင် ဖိုဒန် နှင့် ဘယ်လင်ဂမ်ပေါ့ ။ ဟယ်ရီကိန်း က ကျနော့်အတွက် အကောင်းဆုံး အင်္ဂလန် ကစားသမားပါပဲ ။ နောက်တစ်ဦးဆို ပစ်ဖိုဒ့် ရှိပါမယ်။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular