ဥရောပ ဘောလုံးရပ်ဝန်းမှာ ဂျာမန် နည်းပြတွေ ကြီးစိုးတော့မှာလား?

ဒီနှစ် ဘောလုံးရာသီ အတွက် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားကြမယ့် အသင်းတွေ ပေါ်ထွက်လာပြီး နောက်မှာတော့ ၊ ဥရောပ ဘောလုံးရပ်ဝန်းမှာ ဝန်းမှာ ဂျာမန် နည်းပြတွေ ထိပ်တန်း ရောက်နေပြီလား ဆိုတဲ့ မေးခွန်းက တော်တော်လေး ကို စဉ်းစားချင်စရာ ကောင်းလာပါတယ်။

ပီအက်စ်ဂျီ အသင်းကို ဦးဆောင်နေတဲ့သူဟာ ဂျာမန်သား တစ်ဦး ဖြစ်တဲ့ သောမတ် တူချယ် ဖြစ်ပြီး ၊ ဘိုင်ယန် မြူးနစ် ကို ကိုင်တွယ်နေသူ ဟန်ဆီ ဖလစ် ကလဲ ဂျာမန်သားပါ။ ဒါကြောင့် ဒီနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲဟာ 2012-2013 ဘောလုံးရာသီ ဘိုင်ယန် – ဒေါ့မွန် (ဂျပ် ဟေးနက် – ကလော့ပ်) နောက်ပိုင်း ၊ ပထမဆုံး အကြိမ် ဂျာမန် သားနှစ်ယောက် ထိပ်တိုက်တွေ့ဆုံတဲ့ ပွဲစဉ် ဖြစ်လာမှာ ဖြစ်ပါတယ်။

myan789

ဒါ့ပြင် အကြိုဗိုလ်လုပွဲ ကို တက်ရောက်လာခဲ့တဲ့ 4 သင်းကို ကြည့်လိုက်မယ် ဆိုရင် လီယွန် နည်းပြ ရူဒီ ဂါစီယာ (ပြင်သစ်) ကလွဲရင် ကျန် 3 သင်း နည်းပြဟာ ဂျာမဏီသားတွေ ဖြစ်လို့ နေပါတယ်။ ဒီအချက် က တော်တော်လေး စိတ်ဝင်စားစရာပါ။

ပြီးခဲ့တဲ့ 2 နှစ် ဆက်တိုက် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်လှမ်းခဲ့တဲ့ လီဗာပူး ကိုလဲ ယာဂန် ကလော့ပ် (ဂျာမဏီ) သား က ဦးဆောင်ခဲ့လို့ ၊ ဥရောပ ဘောလုံးရပ်ဝန်းမှာ ဂျာမန် နည်းပြတွေ ရဲ့ အရည်အသွေးဟာ အထင်းသား ပေါ်နေတယ်လို့ မှတ်ချက်ပေးရမှာ ဖြစ်ပါတယ်။

ဗိုလ်လုပွဲ ကို တက်လှမ်းလာတဲ့ လမ်းကြောင်းကို ကြည့်လိုက်မယ် ဆိုရင် ဘိုင်ယန် မြူးနစ် ဟာ ရှုံးပွဲ လုံး၀ မရှိခဲ့သလို ၊ သရေပွဲလဲ မရှိပါဘူး။ သူတို့ အသင်းဟာ အုပ်စုပွဲစဉ် ကနေ စလို့ ၊ ဗိုလ်လုပွဲ အထိ ပွဲတိုင်းကို အနိုင်ကစားကာ စုစုပေါင်း သွင်းဂိုး က 42 ဂိုး အထိရှိပါတယ်။

ဒါဟာ တစ်ပွဲ ပျမ်းမျှ သွင်းနှုန်း 4.2 ဂို အထိရှိလို့ တော်တေ်ာလေးကို ကြောက်ဖို့ ကောင်းတာပါ။

အထူးသဖြင့် စပါးကို နှစ်ကျော့ပေါင်း 10 ဂိုး ၊ ချဲဆီး ကို နှစ်ကျော့ပေါင်း 7 ဂိုး ၊ ရက်စ်တား အသင်းကို နှစ်ကျော့ပေါင်း 9 ဂိုး နဲ့ ဘာစီလိုနာ အသင်းကို တစ်ပွဲထဲ 8 ဂိုး အထိ သွင်းယူပြလိုက်တဲ့ မှတ်တမ်းတွေကို ကြည့်ရင်ပဲ ဘိုင်ယန် ရဲ့ တိုက်စစ်က တော်တော်ကြီးကို ကြောက်ဖို့ ကောင်းနေပါပြီ။

ဒါ့အပြင် 2020 အတွင်းမှာ ပြိုင်ပွဲပေါင်းစုံ ရင်ဆိုင် ကစားခဲ့တဲ့ ပွဲစဉ်တွေ အားလုံးမှာလဲ တစ်ပွဲမှကို ရှုံးပွဲ မရှိသေးတာမို့ ၊ ယန်စီ ဖလစ်ဟာ ဗိုလ်လုပွဲကြီးဆီကို ယုံကြည်မှု အပြည့်နဲ့ ရောက်ရှိလာတာ သေချာပါတယ်။

ဘိုင်ယန် နည်းပြ ဟန်ဆီ ဖလစ် ဟာ အခုမှ စီနီယာ အသင်းကြီး ကိုင်တွယ်ဖူးတာ ဖြစ်ပြီး ၊ ယခင်ကတော့ ဂျာမဏီ လက်ရွေးစင် အာဂျင်လိုးရဲ့ လက်ထောက်နည်းပြ / အာကစား ဒါရိုတ်တာ ရာထူးတွေမှာ လုပ်ကိုင်ခဲ့ဖူးသလို ၊ ဟော့ဖန်ဟိန်း အသင်းရဲ့ အာကာ ဒါရိုက္ တာ အဖြစ်လဲ တစ်နှစ် အလုပ်လုပ်ဖူးပါတယ်။

ဘိုင်ယန် မြူးနစ်ကိုတော့ လက်ထောက်နည်းပြ အဖြစ် ရောက်ရှိလာရင်းကနေ ၊ နည်းပြချုပ် ရာထူးကို တိုးမြှင့်ခံရပြီးနောက် အခုလို စွမ်းဆောင်ရည်ကောင်းတွေကို ပြသထားတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ ရဲ့ ဗိုလ်လုပွဲ တက်ရောက်လာတဲ့ လမ်းကြောင်းမှာတော့ 16 အဆင့် ပထမ အကျော့မှာ ဒေါ့မွန်ကို 2-1 နဲ့ တစ်ကြိမ် ရှုံးနိမ့်ထားပါတယ်။ သို့သော် အုပ်စုတွင်းမှာ ရီးရဲ မက်ဒရစ် အသင်းကို 1 ပွဲနိုင် ၊ 1 ပွဲ သရေ ကစားပြထားနိုင်ခဲ့သလို ၊ ကွာတားမှာတော့ အတ္တလန္တာ ၊ ဆီမီးမှာ လိုက်ပ်ဇစ် တို့ကို ကျော်ဖြတ်ကာ နောက်ဆုံး ချန်ပီယံလုပွဲကြီးဆီ တက်ရောက် လာခဲ့တာပါ။

နည်းပြ တူချယ်အတွက်လဲ သူ့ရဲ့ ဘဝမှာ ပထမဆုံး ချန်ပီယံလိဂ် ဗိုလ်လုပွဲကြီး ကို ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။ ထူးခြားတာ က သူဟာ ဒီရာသီမှာ ပီအက်စ်ဂျီ နဲ့ အတူ ပြည်တွင်းဖလား 4 လုံးအထိ သိမ်းပိုက်ထားပြီးပါပြီ။

ဒါကြောင့် ဒီတစ်ကြိမ်သာ ချန်ပီယံလိဂ် ဖလားကြီးကို ဆွတ်ခူးပေးနိုင်မယ် ဆိုရင် ကလပ်သမိုင်းကြောင်း တစ်လျှောက် စွမ်းဆောင်ရည် အမြင့်မားဆုံး နည်းပြ အဖြစ် မှတ်တမ်းဝင်သွားမှာ ဖြစ်ပြီး ၊ ကာတာ သူဌေးကြီး အယ်ခီလာဖီ အိပ်မက်နေတဲ့ စိတ်ကူးယဉ် မျှော်လင့်ချက်တွေကို အကောင်အထည် ဖော်ဆောင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

ဂျာမန်သား နှစ်ယောက် ရဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်သူက အသာစီး ရယူသွားမလဲ ဆိုတာ လာမယ့် တနင်္ဂနွေနေ့မှာ အဖြေပေါ်သွားတော့မှာပါ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular