spot_img

ဥရောပစူပါဖလား ပွဲကြိုသုံးသပ်ချက်

၂၀၁၉-၂၀ ရာသီ ချန်ပီယံလိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေကို အသီးသီးဆွတ်ခူးခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဆီဗီလာတို့ရဲ့ပွဲစဉ်ကို ယနေ့ညမှာ ကစားသွားမှာဖြစ်ပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့်ကွင်းကတော့ ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ်မြို့က ပွတ်ရှ်ကပ်စ်ကွင်းဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ကတော့ ရာသီအဖွင့်ပွဲမှာ (၈)ဂိုးပြတ်နဲ့အနိုင်ရခဲ့လို့ ဒီပြိုင်ပွဲမှာလည်း ပိုမိုရေပန်းစားနေပါတယ်။

ဘိုင်ယန်မြူးနစ် နှင့် ဆီဗီလာ (၂၅-၉-၂၀၂၀ နံနက် ၁:၃၀ နာရီ)
ဘိုင်ယန်မြူးနစ်က ဟန်ဆီဖလစ်ခ် လက်ထက်မှာ ရပ်တန့်လို့မရတဲ့အသင်းဖြစ်နေပြီး နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲအသွင် ပွဲစဉ် (၅)ပွဲမှာ (၂၄)ဂိုးအထိ သွင်းခဲ့တယ်။ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲနဲ့ ဘွန်ဒစ်လီဂါရာသီအဖွင့် (၃)ပွဲဆက်တိုက် Clean Sheet ရခဲ့တယ်။ နာဘရီက ကစားသမားဘဝရဲ့နောက်ထပ်အဆင့်တစ်ဆင့်ကို အလွယ်တကူတက်လှမ်းသွားခဲ့ပြီဖြစ်ပြီး လီဝန်ဒေါစကီးရဲ့ ဦးဆောင်မှုအောက်မှာ သူနဲ့ ဆာနေးတို့က အသင်းတိုင်းကို ခြိမ်းခြောက်ပါလိမ့်မယ်။ ဆီဗီလာက သူတို့ လုပ်စရာရှိတဲ့ အလုပ်ကို ပီပီပြင်ပြင်လုပ်နိုင်လေ့ရှိတဲ့အသင်းဖြစ်ပြီး သူတို့ကိုယ်တိုင်လည်း နိုင်ပွဲတွေဆက်တိုက်ယူနေတာ တွေ့ရတယ်။ ကျဉ်းမြောင်းတဲ့ နိုင်ပွဲတွေဖြစ်ပြီး၊ ဂိုးတွေပေးနေရတာက ဘိုင်ယန်မြူးနစ်နဲ့ ကွာတဲ့အချက်ဖြစ်တယ်။ လက်ရှိကမ္ဘာ့အကောင်းဆုံးအသင်းလိုဖြစ်နေပြီး ပြိုင်ဘက်မရွေး၊ ကစားပုံမရွေးတဲ့ ဘိုင်ယန်မြူးနစ်အတွက် ဆီဗီလာက အဆိပ်မပြင်းပါဘူး။ ဒီအချိန်မှာ ဘိုင်ယန်မြူးနစ်တိုက်စစ်ကို ဆီဗီလာ ဘယ်လိုထိန်းချုပ်မလဲဆိုတာက ပိုစိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းဖြစ်ပြီး စူပါဖလားကို ယူမှာကတော့ ဘိုင်ယန်မြူးနစ်ပါပဲ။

myan789

ဘိုင်ယန်မြူးနစ် နှင့် ဆီဗီလာပွဲစဉ်မှ ပွဲကြိုအချက်အလက်အချို့

  • ဘိုင်ယန်မြူးနစ်အသင်းသည် (၂၁)ရာစုအတွင်း စူပါဖလား (၂)ကြိမ်ကစားခဲ့ရာ (၁)ပွဲအနိုင်ရရှိခဲ့သလို၊ (၁)ပွဲ ရှုံးနိမ့်ခဲ့သည်။
  • ဆီဗီလာအသင်းသည် ဥရောပစူပါဖလား နောက်ဆုံး (၄)ပွဲဆက် ရှုံးနိမ့်ခဲ့ပြီး ပွဲတိုင်းလည်း (၂)ဂိုးနှင့်အထက်ပေးခဲ့ရသည်။
  • ယင်း (၂)သင်းမှာ (၂၁)ရာစုအတွင်း တတိယအကြိမ်မြောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ယခုပြိုင်ပွဲတွင်မူ ပထမဆုံးတွေ့ဆုံခြင်းဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular