spot_img

အဲဗာတန် ၁၀မှတ် အနုတ်ခံခဲ့ရပြီးနောက် ၊ ယင်းပြစ်ဒဏ်မျိုး ချဲလ်ဆီးနဲ့ မန်စီးတီးဖက်သို့ မြားဦး လှည့်လာနိုင်ခြေ ရှိတဲ့ အပေါ် တုန့်ပြန်လာတဲ့ ပိုချက်တီနိုနဲ့ ပက်ဂွာဒီယိုလာ

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကပဲ အဲဗာတန် အသင်းဟာ ဘဏ္ဍာရေး စည်းမျဉ်း ချိုးဖောက်မှုကြောင့် ပရီးမီးယားလိဂ် အဖွဲ့ချုပ်ထံမှ ရမှတ် ၁၀မှတ်လျှော့ ပြစ်ဒဏ်ပေးခြင်း ခံခဲ့ရပါတယ် ။ ဒီအခြေအနေနဲ့ စပ်လျဉ်းပြီး ယခင်အပြောင်းအရွှေ့ ကိစ္စတွေမှာ စုံစမ်းစစ်ဆေးမှုတွေ ခံနေရတဲ့ ချဲလ်ဆီးနဲ့ ပြစ်မှု ၁၁၅ခုနဲ့ စွဲချက်တင် ခံထားရတဲ့ မန်စီးတီးတို့ထံလည်း မီးလှိုင်း ကူးလာမယ့် အလားအလာတွေ ရှိလို့နေပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ယခင် ချဲလ်ဆီး ပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ခ်ျ လက်ထက်က ကစားသမား တချို့ရဲ့ အပြောင်းအရွှေ့ ကိစ္စတွေမှာ လျှို့ဝှက်ငွေပေးချေမှုတွေ ရှိထားခြင်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံနေရတဲ့ အပေါ် နည်းပြဖြစ်သူ မော်ရစ်စီယို ပိုချက်တီနိုက အခုလိုပဲ တုန့်ပြန်ဖြေကြားလာပါတယ် ။

myan789

ပိုချက်တီနို က ” ( တန်းဆင်းပြစ်ဒဏ် ကျခံရနိုင်ခြေ ရှိတဲ့ အပေါ် ) ကျွန်တော် မစိုးရိမ်ပါဘူး ။ အသင်းပိုင်ရှင်တွေနဲ့လည်း ဒီအကြောင်း ကျွန်တော်တို့ မဆွေးနွေးခဲ့ပါဘူး ။ ” လို့ တုန့်ပြန်သွားပါတယ် ။ ဆက်လက်ပြီး စီးတီး နည်းပြ ပက်ဂွာဒီယိုလာကလည်း ၄င်းတို့ တန်းဆင်းရလည်း စီးတီးမှာပဲ ဆက်နေသွားမယ်လို့ တုန့်ပြန်လာပါတယ် ။

ပက် က ” ကျွန်တော် ဘာလို့ မယုံရမှာလဲ ? တရားသူကြီး ရှေ့မှောက်မှာ တာဝန်ယူ ဖြေရှင်းပေးရမှာက ရှေ့နေတွေပါ ။ ကျွန်တော့ရဲ့ အတွေးအမြင်တွေ မပြောင်းလဲခဲ့ပါဘူး ။ ကျွန်တော်တို့ စောင့်ကြည့်ပါမယ် ။ ပြီးမှ ဖြစ်လာမယ့် အခြေအနေတွေ အပေါ် ကျွန်တော်တို့ ရင်ဆိုင်သွားပါမယ် ။ ”

” အဲဗာတန် အကြောင်း ကျွန်တော် တလုံးမှ ပြောမှာ မဟုတ်ပါဘူး ။ ဘာလို့လဲဆိုတော့ သူတို့ အသင်းမှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲ ဆိုတာ ကျွန်တော် မသိခဲ့လို့ပါပဲ ။ ကျွန်တော်တို့ ကိစ္စနဲ့ သူတို့ ကိစ္စက လုံးဝ ကွဲပြားပါတယ် ။ စီးတီးဟာ ဘာလို့ အပျော်တမ်းလိဂ်အထိ မဆင်းရသေးတာလဲ ဆိုပြီး လူတွေ ပြောနေကြတာ ကျွန်တော် သိပါတယ် ။ ”

” ဒါပေမယ့် စောင့်ကြည့်ကြပါဦး ။ ခင်ဗျားလည်း သတင်းတွေကို ဖတ်ထားမှာပါပဲ ။ ဒီတော့ ကျွန်တော်တို့ တန်းဆင်းသင့်တယ်လို့ ထင်ကြမှာပဲ ။ ဒါပေမယ့် ဘယ်သူမှ ဘာမှ မသိသေးပါဘူး ။ အဲလို ပြောနေကြတဲ့ လူတွေဟာလည်း တကယ်တမ်း ဘာတွေ ဖြစ်နေလဲ ဆိုတာ တိတိကျကျ မသိကြပါဘူး ။ ”

” ကျွန်တော်ကတော့ သတင်းတွေ စုံအောင် မဖတ်ကြည့်ထားပါဘူး ။ ဒါပေမယ့် စောင့်ကြည့်ပါ ။ ရှေ့တလလောက်က ကျွန်တော် ပြောခဲ့သလိုပါပဲ ၊ ကျွန်တော်တို့ တခုခု လွဲမှားတာ လုပ်ထားရင် ၊ အပြစ်ပေးခံရမှာပါ ။ အဲဒါတွေ အားလုံး ဖြစ်ပြီးသွားရင်တောင်မှ ကျွန်တော် ဒီမှာ ဆက်ရှိနေဦးမှာပါ ။ ”

” အဲဗာတန် ကိစ္စက ကျွန်တော်လည်း သေသေချာချာ မသိပါဘူး ။ ဒါပေမယ့် ဒီ၂ခုက လုံးဝ ကွဲပြားပါတယ် ။ ခင်ဗျား ဒါကို နှိုင်းယှဉ်လို့ မရပါဘူး ။ လောလောဆယ်တော့ ကျွန်တော်တို့ဟာ ပြစ်မှု ကင်းရှင်းနေဆဲပါ ။ ဒါပေမယ့် စောင့်ကြည့်ကြပါဦး ။ လူတွေက ဒါကို ရှင်းရှင်းလင်းလင်း သိချင်ကြတယ် ၊ သက်သေအထောက်အထား လိုချင်ကြပါတယ် ။

” အားလုံး သိရရင် ကျွန်တော်တို့လည်း လာရောက် ရှင်းလင်းပေးမှာပါ ။ နောက်တကြိမ် ချန်ပီယံလိဂ် ဖလား ရဖို့ထက် ကျွန်တော် ဒီမှာ ဆက်နေဖို့က ပိုပြီး အခွင့်အလမ်း များပါတယ် ။ သတင်းစာကို သေချာဖတ်ပါ ။ ဘာလို့ အဲဗာတန်က အပြစ်ပေးခံခဲ့ရတယ် ဆိုတာပေါ့ ။ ”

” ဒီအခြေအနေ ၂ရပ်က လုံးဝ ခြားနားပါတယ် ။ ကျွန်တော်တို့ ကိစ္စက ပိုပြီး ရှုပ်ထွေးပါတယ် ။ ၂ဦး၂ဖက်က ရှေ့နေ့တွေ ဒီအမှုကို ရင်ဆိုင်ဖြေရှင်းကြမှာပါ ။ ပြီးမှ ကျွန်တော်တို့ ဆက်ပြောကြတာပေါ့ ။ လိဂ်ဝမ်းကို ဆင်းသွားခဲ့ရင်တောင်မှ ကျွန်တော် အနာဂတ် အကြောင်း စဉ်းစားမှာ မဟုတ်ပါဘူး ။ ဒီမှာပဲ ဆက်နေဖြစ်ဖို့က အလားအလာပိုများပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular