မန်စီးတီးအသင်းသည် ဂျာမန် ကလပ် ဒေါ့မွန်အသင်းမှ နော်ဝေလူ ငယ်တိုက်စစ်မှူး အာလင်းဟော်လန်း အား လာမည့်နွေရာသီတွင်ခေါ်ယူနိုင် ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဗြိ တိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
ဟော်လန်း၏အေးဂျင့်ဖြစ်သူ နာမည်ကျော်အေးဂျင့် ရိုင်အိုလာ (၅၃ နှစ်)နှင့် မန်စီးတီးအသင်းနည်းပြ ဂွါဒီ ယိုလာတို့အကြား တင်းမာမှုပြဿနာ ရှိနေ၍ မန်စီးတီးအသင်း၏ ကြိုးပမ်းမှု မှာ အခက်အခဲဖြစ်ဖွယ်ရှိကြောင်း လည်း မီဒီယာများက ဖော်ပြခဲ့ကြ သည်။ ဘာစီလိုနာအသင်းကို ဂွါဒီယို လာကိုင်တွယ်ခဲ့စဉ် ဆွီဒင်လက်ရွေး စင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကို ဆက်ဆံပုံများနှင့်ပတ်သက်၍ မိုဗစ်၏ အေးဂျင့်ဖြစ်သူ ရိုင်အိုလာက ဝေဖန်ခဲ့ ရာမှ ၎င်းင်းတို့ (၂)ဦးအကြား တင်းမာမှု ရှိခဲ့ခြင်းဖြစ်သည်။ သို့သော် မန်စီးတီး အသင်းအနေဖြင့် ယင်းပြဿနာရှိ နေသည့်တိုင် ဟော်လန်းကို အရခေါ် ယူနိုင်ရန်သာ ကြိုးပမ်းသွားမည်ဖြစ် ကြောင်း ဗြိတိန်သတင်းစာ Mirror က ဖော်ပြခဲ့သည်။
မန်စီးတီးအသင်းသည် အသင်း ၀ါရင့်တိုက်စစ်မှူး အဂွဲရိုး၏နေရာတွင် အစားထိုးရန်အတွက် ထိပ်တန်းတိုက် စစ်မှူးတစ်ဦးကို လာမည့်နွေရာသီ တွင် ခေါ်ယူရန်စီစဉ်နေပြီး ဟော်လန်း အပြင် အခြားသောတိုက်စစ်မှူးအချို့ ကိုလည်း ပစ်မှတ်ထားနေကြောင်း သိရှိရသည်။