အာဆင်နယ်အသင်း၏ နောက်ခံလူ ဂါဘရီယဲလ်က တိုက်စစ်မှူး အူဘာမီယန်း အသင်းမှ ထွက်ခွာသွားခဲ့ခြင်းမှာ နည်းပြအဖွဲ့နှင့် ပြဿနာတစ်စုံတစ်ရာရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
ဂါဘရီယဲလ်က မိမိတို့ကစားသမားများ အနေဖြင့် ၎င်းကို အသင်းတွင် ဆက်ရှိစေလိုခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။
ထို့ပြင် ဂါဘရီယဲလ်က ”သူက နှစ်လိုဖွယ်ကောင်းတဲ့သူပါ။ သူ မသွားခင် ကျွန်တော် နှုတ်ဆက်ခဲ့ပါတယ်။ ဘာစီလိုနာမှာ ပျော်ရွှင်ဖို့လည်း မျှော်လင့်ပါတယ်”ဟု ဆိုခဲ့သည်။