မန်စီးတီးနည်းပြ ဂွါဒီယိုလာက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အုပ်စုပထမနေရာရရှိရန် အရေးကြီးသည်ဟု ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အုပ်စုပွဲစဉ်များပြီးဆုံးရန် (၂)ပွဲအလိုမှာပင် လိုက်ပ်ဇစ် အသင်းနှင့်အတူ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သော်လည်း အုပ်စုပထမနေရာအတွက်မူ အဖြေမထွက်သေးပေ။
ထို့ကြောင့် ဂွါဒီယိုလာက ”နှစ်သင်းစလုံးအတွက် ပထမခြေလှမ်းကတော့ ပြီးမြောက်သွားပါပြီ။ အုပ်စုပထမနေရာနဲ့ အဆုံးသတ်ဖို့တော့ အရေးကြီးပါတယ်။ ရှုံးထွက်(၁၆)သင်းအဆင့်မှာ ဒုတိယအကျော့ကို အိမ်ကွင်းကစားရတာက အဆုံးအဖြတ်မဟုတ်ပေမဲ့ အဲဒီအခွင့်အရေးကို ရယူသွားချင်ပါတယ်”ဟု ပြောကြားခဲ့သည်။