အီတလီ စာမေးပွဲကို လှည့်စား ဖြေဆို ကျော်ဖြတ် ခဲ့တယ်လို့ စွပ်စွဲခံ လာရတဲ့ လူးဝစ် ဆွာရက်

ဘာစီလိုနာ အသင်း နဲ့ စာချုပ် ဖျက်သိမ်း လာခဲ့တဲ့ တိုက်စစ်မှူးကြီး လူးဝစ် ဆွာရက် အတွက်တော့ ဒီနှစ် နွေရာသီ ဟာ ခက်ခဲတဲ့ အချိန်တွေ ဖြစ်လာ ခဲ့ပါပြီ ။ ဘာကာ နည်းပြသစ် ရော်နယ် ကိုးမန်း ရဲ့ အစီအစဉ် ထဲမှာ မပါဝင် တော့တာ ကြောင့် ၆ နှစ်ကျော် ကစား လာခဲ့တဲ့ ဘာစီလိုနာ ကို စွန့်ခွာ ဖို့ ဖိအား ပေးခံ ခဲ့ရတဲ့ ဆွာရက် ဟာ လက်ရှိ မှာတော့ နောက်ထပ် ပြဿနာ တစ်ခု နဲ့ ကြုံတွေ့ လာခဲ့ရ ပါတယ် ။ အဲ့ဒါ ကတော့ အီတလီ နိုင်ငံသား စာမေးပွဲ ပါပဲ ။

ဆွာရက် ဟာ ဘာစီလိုနာ ကနေ ထွက်ခွာ ခါနီးမှာ အီတလီ စီးရီးအေ ကလပ် ယူဗင်တပ် အသင်း ဆီက ဆက်သွယ်မှု ကို ရခဲ့ ပါတယ် ။ ဆွာရက် ကလည်း စီးရီးအေ ကို ပြောင်းရွှေ့ပြီး ရိုနယ်ဒို – မက်ဆီ တို့နဲ့ တွဲဖက် ကစားဖူးတဲ့ နောက်ထပ် တစ်ယောက် အဖြစ် ခံယူဖို့ ဆန္ဒ ရှိခဲ့ ပါတယ် ။

myan789

ဒါပေမယ့် ဒီ အပြောင်း အရွှေ့ မှာ ကြားဝင် နှောက်ယှက် လာခဲ့တာကတော့ အီတလီ နိုင်ငံသား မှတ်ပုံတင်ခွင့် ပါပဲ ။ အီတလီ ဟာ သူတို့ နိုင်ငံသား အဖြစ် ခံယူဖို့ အတွက် စာရွက် စာတမ်း ကိစ္စ တွေ အပြင် စာမေးပွဲ ပါ ဖြေဆို စေတာ ကြောင့် ဆွာရက် အတွက် အချိန် အခက် အခဲ ဖြစ်စေ ခဲ့ ပါတယ် ။

ဆွာရက် ဟာ ပြီးခဲ့တဲ့ သောကြာနေ့ တုန်းက အီတလီ ကို သွားကာ စာမေးပွဲ ဖြေဆို ခဲ့ ပေမယ့် ယူဗင်တပ် ကတော့ ချန်ပီယံလိဂ် လူစာရင်းထဲ ကို ထည့်သွင်းဖို့ မမီ နိုင်တော့တာ ကြောင့် အပြောင်း အရွှေ့ ဖြစ်မြောက် လာနိုင် တော့မှာ မဟုတ်ဘူးလို့ ပြောဆို လာခဲ့ပါတယ် ။ ယူဗင်တပ် ဟာ ရိုးမား တိုက်စစ်မှူး ဒီဇစ်ကို ကို ကြိုးစား နေပြီး ယခု အပတ်ထဲ မှာ ခေါ်ယူ နိုင်ဖွယ် ရှိနေ ပါတယ် ။

ဒါကြောင့် ဆွာရက် ဟာ စပိန် လာလီဂါ ကလပ် တစ်သင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ် ထံ ပြောင်းဖို့ ပြင်ဆင် ခဲ့ ပါတယ် ။ အေတီကို မက်ဒရစ် ကလည်း တိုက်စစ်မှူး မိုရာတာ ကို ယူဗင်တပ် ထံ အငှားချ ပြီး ဆွာရက် ကို ခေါ်ယူဖို့ စိတ်ဝင်စား ခဲ့ ပါတယ် ။ ဒါပေမယ့် ဒီကိစ္စ မှာ ဘာစီလိုနာ အသင်းက ကြားဝင်ပြီး အေတီကို မက်ဒရစ် ထံ မပြောင်းရွှေ့ဖို့ ပိတ်ပင် သွားမယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

အဆိုးဆုံး ကတော့ ဆွာရက် ဟာ အီတလီ နိုင်ငံသား စာမေးပွဲ ကို လှည့်စား ဖြေဆို ခဲ့တယ်လို့ သတင်း ထွက်ပေါ် လာခဲ့ တာပါပဲ ။ အီတလီ ရဲ တပ်ဖွဲ့ရဲ့ ပြောဆိုချက် အရ ဆွာရက် ဟာ စာမေးပွဲမှာ မေးမယ့် မေးခွန်းတွေ ကို ကြိုတင် သိရှိ ထားခဲ့ပြီး လွယ်လွယ် ကူကူ နဲ့ ကျော်ဖြတ် ခဲ့တာ ဖြစ်တယ် လို့ ကြားသိရ ပါတယ် ။

လတ်တလော မှာတော့ ဒီ ကိစ္စ ကို ဆက်လက် စုံစမ်း နေဆဲ ဖြစ်ပြီး မကြာခင် အဖြစ်မှန် ပေါ်ပေါက် လာဖို့ ရှိနေ ပါတယ် ။ အကယ်၍ ဆွာရက် အနေနဲ့ စာမေးပွဲ ကို လှည့်စား ဖြေဆို ခဲ့ပါက ဒဏ်ငွေ ချမှတ် ခံ ရနိုင်ပြီး နောက်တစ်ကြိမ် ပြန်လည် ဖြေဆို ရဖွယ် ရှိနေ ပါတယ် ။

ဒါပေမယ့် ယူဗင်တပ် ကို ပြောင်းရွှေ့ဖို့ မဖြစ် နိုင်တော့ ပါက ဆွာရက် အနေနဲ့ အီတလီ မြေကို သွားရောက် ကစားဖို့ ကိစ္စ ကို စွန့်လွှတ် သွားနိုင်ပြီး စပိန် နဲ့ သူ အောင်မြင် ခဲ့ဖူးတဲ့ အင်္ဂလန် ကိုသာ ပြန်သွားဖို့ စိတ်ကူး လာနိုင် ပါတယ် ။ ဆွာရက် ဟာ အသက် ၃၄ နှစ်ထဲ ဝင်ရောက် နေပြီ ဖြစ်ပေမယ့် ထိပ်တန်း အဆင့် ခြေစွမ်းတွေ ကို ပိုင်ဆိုင် ထားဆဲ ဖြစ်ကာ ပြီးခဲ့တဲ့ ရာသီ တုန်းက ဘာစီလိုနာ အတွက် ၂၁ ဂိုး သွင်းယူ ပေးနိုင် ခဲ့ ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular