ဘယ်လ်ဂျီယံအသင်းနည်းပြ မာတီနက်ဇ်က အသင်း၏အဓိကကစားသမားဖြစ်သည့် ဟာဇက်နှင့် ဒီဘရိုင်းနားတို့သည် အီတလီအသင်းနှင့်ကစားမည့်ပွဲကို လွဲချော်ဖွယ်ရှိကြောင်း အတည်ပြုခဲ့သည်။
ပေါ်တူဂီအား (၁-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ဒီဘရိုင်းနားက ခြေချင်းဝတ်ဒဏ်ရာ၊ ဟာဇက်က ကြွက်သားဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနေဖြင့် ဇူလိုင် ၂ ရက်တွင် ကစားမည့် အီတလီနှင့် ကွာတားဖိုင်နယ်ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝလာဖွယ်မရှိကြောင်း သိရှိရသည်။
မာတီနက်ဇ်က ”ဒဏ်ရာတွေက အဆိုးရွားကြီးမဟုတ်လို့ စိတ်သက်သာရခဲ့ပေမဲ့ အီတလီနဲ့ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝဖို့တော့ မလွယ်ပါဘူး”ဟု ပြောကြားခဲ့သည်။
ဟာဇက်နှင့် ဒီဘရိုင်းနားတို့သည် ဇွန်(၃၀)ရက် လေ့ကျင့်ခန်းအစီအစဉ်တွင် ပါဝင်နိုင်ခြင်းမရှိဘဲ ကြံ့ခိုင်မှုအတွက် သီးသန့်လေ့ကျင့်မှုသာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။