အီတလီစီးရီးအေပွဲစဉ် (၅) ပွဲကြိုသုံးသပ်ချက်

ဘိုလော့ဂ်နာ – ဂျီနိုအာ (အင်္ဂါည ၁၁းဝ၀ နာရီ)
အင်တာမီလန်ကို ဂိုးဒါဇင်ဝက်ပေးရပြီး အရှက်တကွဲ အရေးနိမ့်မှုကနေ ဘိုလော့ဂ်နာ အမြန်ဆုံး ရုန်းထွက်ချင်နေပါ လိမ့်မယ်။ ဖြစ်သင့်တာထက် ပိုဆိုးတဲ့ရလဒ်မျိုးဖြစ်ပြီး မတည် ငြိမ်သေးတဲ့ ဂျီနိုအာနဲ့ ရင်ဆိုင်ရမှာဖြစ်လို့လည်း ဘိုလော့ဂ်နာ အိမ်ကွင်းမှာ သိက္ခာပြန်ဆယ်ပါလိမ့်မယ်။

myan789

အတ္တလန်တာ – ဆာဆူအိုလို (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)
(၃)ပွဲဆက်အရှုံးဟာ ဆာဆူအိုလိုအတွက် နာကျင်စရာ ပါ။ ကစားသမားကောင်းတွေရှိပေမဲ့ နစ်မွန်းနေတာဟာ မဖြစ် သင့်တဲ့လားရာလို့ ဆိုရမယ်။ အတ္တလန်တာကလည်း ပြန်လည် တည်ငြိမ်ခါစအချိန်ပါပဲ။ တိုက်စစ်ကစားဟန် အပြောင်းအလဲ ဖြစ်နေပြီး အရင်လို သွင်းဂိုးမုန်တိုင်းတွေ အခုထိမမြင်ရသေး ဘူး။ ဒါပေမဲ့ အိမ်ကွင်းမှာ နိုင်ပွဲပြန်ရှာမယ့် အတ္တလန်တာ (၂-၁) ဂိုးလောက်နဲ့ နိုင်မယ်ထင်တယ်။

ဖီအိုရင်တီးနား – အင်တာမီလန် (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)
နောက်ဆုံး (၃)ပွဲဆက် (၂-၁)ဂိုးရလဒ်နဲ့ ဖီအိုရင်တီးနား နိုင်ပွဲရထားတယ်။ ခံစစ်က ဂိုးတွေပေးနေရတာ အားနည်းချက် ဖြစ်နေသေးပေမဲ့ ကွင်းလယ်နဲ့ တိုက်စစ်စုဖွဲ့မှုက အင်တာမီလန်ကို ဒုက္ခပေးနိုင်တယ်။ ဘိုနာဗန်ကျူရာက ငယ်မူငယ်သွေးပြန် ပြနေပြီး ဗလာဟိုဗစ် ဂိုးပေါက်ပျောက်ဆုံးသွားတဲ့ ဂျီနိုအာနဲ့နောက်ဆုံးပွဲမှာ လူစားဝင်လာတဲ့ ဆာပိုနာရာက ဂိုးသွင်းယူပြခဲ့တယ်။ ကက်ကို၊ အမ်မရာဘတ်တို့လို ကစားသမားတွေလည်းရှိနေလို့ အင်တာမီလန် သတိထားရမယ့်ပြိုင်ဘက်မျိုးပဲ။ အင်တာမီလန် တိုက်စစ်က ဂျက်ကို ဂိုးသွင်းခြေတွေ့နေပေမဲ့ ခံစစ်က ဂိုးပြန်ပေးရနိုင်တယ်။ ဖီအိုရင်တီးနား အမှတ်ရမယ်။

myan789

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Myanmar
494,263
Total confirmed cases
Updated on October 25, 2021 1:05 am
Advertisment

Instagram

Most Popular

နယူးကာဆယ်နည်းပြရာထူးနှင့်...

စကော့တလန်ကလပ် ရိန်းဂျားစ...

ဆိုးလ်ရှားကို ကစားသမားမျာ...

မန်ချက်စတာယူနိုက်တက်အသင်...

စီရော်နယ်လ်ဒိုနှင့် ဆာလာက...

လီဗာပူးလ်နည်းပြ ယာဂန်ကလေ...