ဆလာနီတာနာ – အေစီမီလန် (ဗုဒ္ဓဟူးညနေ ၆း၀၀ နာရီ)
ဆလာနီတာနာက အိမ်ကွင်းဆိုရင် အေစီမီလန်ကို ဒုက္ခ ပေးတတ်တဲ့ အသင်းဖြစ်တယ်။ ဒါ့အပြင် အဝေးကွင်းထက် အိမ် ကွင်းကစားအားပိုကောင်းပြီး အိမ်ကွင်းမာဂုဏ်မြင့်တဲ့ အသင်း ပါ။ အေစီမီလန်မှာ ဟာနန်ဒက်ဇ်၊ ဂျရူးတို့လို ကစားသမားတွေ ပါဝင်ဖို့ မသေချာသေးပါဘူး။ ဒါကြောင့် အေစီမီလန်တိုက်စစ်မှာ ရယ်ဘစ်နဲ့ အော်ရီဂီတို့လို ကစားသမားတွေပဲ ပွဲထွက်လာဖို့ များ ပြီး ဂိုးရဖို့တော့ ရုန်းကန်ရဦးမယ့်ပုံပါပဲ။ ပြီးခဲ့တဲ့ ရာသီကလည်း ဆလာနီတာနာကွင်းမှာ အေစီမီလန် သရေပဲ ကစားနိုင်ခဲ့တာပါ။ အဝေးကွင်းဖြစ်လို့ အေစီမီလန် အလွန်ဆုံးကပ်နိုင်ဖို့ပဲ ရှိပါတယ်။
ဆာဆူအိုလို – ဆမ်ဒိုးရီးယား (ဗုဒ္ဓဟူးညနေ ၆း၀၀ နာရီ)
ဆာဆူအိုလိုက ဆမ်ဒိုးရီးယားနဲ့တွေ့ဆုံတဲ့ စီးရီးအေ နောက်ဆုံး (၆)ပွဲဆက် မရှုံးခဲ့ဘူး။ လက်ရှိခြေစွမ်း သိပ်မကွာပေ မဲ့ အိမ်ကွင်းမှာ နိုင်ပွဲပြန်တွေ့ဖို့ ဆာဆူအိုလိုအသင်း ကြိုးစားမှာ ပါ။ အိမ်ရှင်ပဲ ကြိုက်တယ်။
တိုရီနို – ဗီရိုနာ (ဗုဒ္ဓဟူးည ၈း၀၀ နာရီ)
ဗီရိုနာက ကစားပုံမဆိုးပေမဲ့ ရလဒ်တွေက စိတ်ပျက်စရာ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ စီးရီးအေပြန်လည်စတင်ချိန်မှာ တန်းဆင်းဇုန် က ထွက်နိုင်ဖို့ ကြိုးစားမှာပါ။ တိုရီနိုက အထက်မရောက်၊ အောက် မရောက်အသင်းပါ။ ဗီရိုနာ ရလဒ်ကောင်းနိုင်တယ်။
စပီဇီယာ – အတ္တလန်တာ (ဗုဒ္ဓဟူးည ၈း၀၀ နာရီ)
အတ္တလန်တာက တဖြည်းဖြည်း ကျဆင်းလာတယ်။ ခြေ စမ်းပွဲတွေမှာ ရလဒ်ကောင်းခဲ့ပေမဲ့ သိပ်ပြီးယုံစားလို့မရသေးပါ ဘူး။ စပီဇီယာကလည်း တန်းဆင်းဇုန်ထဲမကျဖို့ ရုန်းကန်နေတဲ့ အသင်းပါ။ အိမ်ကွင်းမှာ ရုန်းကန်လာမယ့် စပီဇီယာ အမှတ်ရနိုင် ပါတယ်။ ဂိုးများနိုင်တယ်။
ရိုးမား – ဘိုလော့ဂ်နာ (ဗုဒ္ဓဟူးည ၁၀း၀၀ နာရီ)
မော်ရင်ဟိုရဲ့ ရိုးမားက စီးရီးအေနောက်ဆုံး (၅)ပွဲမှာ (၁) ပွဲသာ အနိုင်ရခဲ့တယ်။ နောက်ဆုံး (၆)ပွဲဆက် တိုက်စစ်က (၁) ဂိုးထက် ပိုသွင်းနိုင်တဲ့ ပွဲမရှိခဲ့ဘူး။ ဒါပေမဲ့ ဒီဘားလား ပြန်ကစား နိုင်တာကတော့ ရိုးမားအတွက် အားသာချက်ပဲ။ အာနော်တိုဗစ် ဦးဆောင်တဲ့ ဘိုလော့ဂ်နာက မာကျောပြီး တိုက်စစ်ကစားပုံလည်း ကောင်းပါတယ်။ ရိုးမားအတွက် ခက်ခဲဦးမယ့်ပွဲမျိုးပါပဲ။ မထင် မှတ်ဘဲ သရေကျသွားနိုင်တယ်။
လက်ချီ – လာဇီယို (ဗုဒ္ဓဟူးည ၁၀း၀၀ နာရီ)
ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် မဆုံးရှုံးချင်ဘူးဆိုရင် လာဇီယိုအနေနဲ့ ဒီလိုပွဲမျိုးကို အနိုင်ကစားရမှာပါ။ လက်ချီက အိမ်ကွင်းဆို အသင်းကြီးတွေကို ဒုက္ခပေးတတ်ပေမဲ့ ခံစစ်အား ပြုကစားတဲ့ အသင်းပါ။ လာဇီယိုရဲ့ တိုက်စစ်အလုပ်ဖြစ်ဖို့ ပဲလို တယ်။ လာဇီယိုနိုင်ပွဲရလိမ့်မယ်။
ခရီမိုနီဆီ – ဂျူဗင်တပ်စ် (ကြသာပတေးနံနက် ၀၀း၀၀ နာရီ)
ခရီမိုနီဆီက စီးရီးအေအိမ်ကွင်းနောက်ဆုံး (၂)ပွဲမှာ အူဒီး နီးစ်နဲ့ ဂျူဗင်တပ်စ်တို့လို အသင်းတွေကို သရေကစားခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့ ပိတ်ဆို့ကစားပုံက ပွဲတိုင်းတော့ အလုပ်မဖြစ် နိုင်ပါဘူး။ ဂျူဗင်တပ်စ်ကလည်း ရာသီမနားခင် စီးရီးအေနောက် ဆုံး (၆)ပွဲဆက် အနိုင်ရခဲ့တယ်။ ကစားပုံက အကောင်းကြီးမဟုတ် ပေမဲ့ နိုင်သင့်တဲ့ ပွဲတွေကို အနိုင်ကစားလာနိုင်တာ တွေ့ရတယ်။ ဂျူဗင်တပ်စ် အနိုင်ကစားဦးမှာပါ။
ဖီအိုရင်တီးနား – မွန်ဇာ (ကြသာပတေးနံနက် ၀၀း၀၀ နာရီ)
ဖီအိုရင်တီးနားက ရာသီပြန်မစခင် ခြေစမ်းပွဲတွေမှာ နိုင်ပွဲ တွေ တောက်လျှောက်ရနေတယ်။ ခြေစွမ်းကလည်း ကောင်းပါ တယ်။ မွန်ဇာက ကစားပုံမဆိုးပေမဲ့ ခံစစ်အားနည်းတယ်။ ဂိုးအ များနဲ့ ဖီအိုရင်တီးနားကို ကြိုက်တယ်။
အင်တာမီလန် – နာပိုလီ (ကြသာပတေးနံနက် ၂း၁၅ နာရီ)
ကမ္ဘာ့ဖလားတစ်ဖြတ်နားပြီး ပြန်လည်စတင်မယ့် အခုပွဲက အင်တာမီလန်အတွက် အခွင့်အရေးဖြစ်တယ်။ နာပိုလီနဲ့ ရ မှတ်ကွာဟမှုကို လျှော့ချနိုင်ဖို့ အင်တာမီလန်အသင်း မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေတယ်။ အင်တာမီလန်ရဲ့ တိုက်စစ်မှာ လူကာကူ ပြန်ကစားနိုင်တာက အပေါင်းလက္ခဏာဖြစ်ပြီး လော်တာရိုမာတီနက်ဇ်လည်း ပွဲထွက်လာဖို့များပါတယ်။ စပယ်လက် တီရဲ့နာပိုလီကတော့ သူတို့ပုံစံအတိုင်း လျှင်မြန်တဲ့ တောင်ပံတိုက်စစ်တွေနဲ့ပဲ ပြိုင်ဘက်ကို ဖြိုလှဲဖို့ ကြိုးစားဦးမှာပါ။ ဒါပေမဲ့ အမှတ်လိုအပ်ချက် ပိုမိုကြီးမားတဲ့ အင်တာမီလန်ကို ကြိုက်ပါတယ်။ (၂-၁)လောက် ဖြစ်နိုင်တယ်။
အူဒီးနီးစ် – အမ်ပိုလီ (ကြသာပတေးနံနက် ၂း၁၅ နာရီ)
အူဒီးနီးစ်က ရာသီအစကလို ရလဒ်ကောင်းတွေနဲ့ စီးရီး အေကို ပြန်လည်စတင်ဖို့ ကြိုးစားလာမှာပါ။ အမ်ပိုလီက အဝေး ကွင်းဆို ကစားပုံအားရစရာသိပ်မရှိပါဘူး။ အူဒီးနီးစ် အနိုင်သေ ချာပါတယ်။