spot_img

အီတလီစီးရီးအေပွဲစဉ် (၁၅) ပွဲကြိုသုံးသပ်ချက်

အတ္တလန်တာ – အင်တာမီလန် (တနင်္ဂနွေညနေ ၆း၀၀ နာရီ)

အတ္တလန်တာက ရာသီစကထက် နည်းနည်းလေး အကျပိုင်းရောက်လာတယ်။ တိုက်စစ်မှာ လွတ်ခ်မန်းလို ကစားသမား မျိုးကို အားကိုးနေရတာကလည်း အတ္တလန်တာအတွက် ထိုးနှက်ချက်ပဲ။ အင်တာမီလန်ကလည်း ဂျူဗင်တပ်စ်၊ ရိုးမား၊ အေစီမီ လန်၊ လာဇီယိုတို့လို ထိပ်သီးတွေနဲ့ ကစားခဲ့ရတဲ့ပွဲတွေမှာ ရှုံးပွဲတွေ တွေ့ခဲ့တယ်။ ဒါပေမဲ့ အင်တာမီလန်ရဲ့ ကစားပုံက မညံ့ခဲ့ပါ ဘူး။ အဲဒီပွဲတွေမှာ ပြိုင်ဘက်တိုင်းကို စိုးမိုးနိုင်ခဲ့ပြီး ခံစစ်အားနည်းချက်တချို့ကြောင့်သာ ရှုံးနိမ့်ခဲ့ရတာပါ။ ဒီပွဲမှာလည်း အဝေး ကွင်းဖြစ်ပေမဲ့ အင်တာမီလန်ပဲ ပွဲကို ထိန်းချုပ်ထားလိမ့်မယ်။ အင်တာမီလန်ကို ကြိုက်တယ်။

ဗီရိုနာ – စပီဇီယာ (တနင်္ဂနွေည ၈း၃၀ နာရီ)

ဗီရိုနာရဲ့ လက်ရှိခြေစွမ်းပိုင်းက အတော့်ကို ဆိုးရွားနေ တယ်။ ဦးတည်ချက်မဲ့တဲ့ ကစားပုံနဲ့ ဘယ်လိုမှကို အလုပ်ဖြစ်မှာ မဟုတ်ဘူး။ စပီဇီယာက တန်းဆင်းဇုန်နဲ့ ခပ်ဝေးဝေးကို ရောက် ဖို့ ကြိုးစားနေတယ်။ စပီဇီယာ ရလဒ်ကောင်းဖို့ ရှိတယ်။

myan789

မွန်ဇာ – ဆလာနီတာနာ (တနင်္ဂနွေည ၈း၃၀ နာရီ)

မွန်ဇာက အိမ်ကွင်းဆိုရင် ခြေစွမ်းပိုကောင်းပြီး စီးရီးအေ အိမ်ကွင်းနောက်ဆုံး (၄)ပွဲမှာ (၃)ပွဲအထိ နိုင်ပွဲရခဲ့တယ်။ ဆလာ နီတာနာက အသင်းကောင်းတစ်သင်းဖြစ်ပေမဲ့ မွန်ဇာကွင်းမှာ တော့ သရေတောင်ရဖို့ မလွယ်ဘူး။

ရိုးမား – တိုရီနို (တနင်္ဂနွေည ၈း၃၀ နာရီ)

မော်ရင်ဟိုရဲ့ ရိုးမားက ထိပ်သီးတွေနဲ့ ရင်ဆိုင်ရရင် ရလဒ် သိပ်မကောင်းတတ်ပေမဲ့ နိုင်သင့်တဲ့ ပွဲတွေကို အနိုင်ကစားနိုင် တဲ့ အသင်းဖြစ်တယ်။ တိုရီနိုကတော့ အဝေးကွင်းညံ့တဲ့အသင်း ဖြစ်ပြီး စီးရီးအေအဝေးကွင်းနောက်ဆုံး (၅)ပွဲမှာ (၄)ပွဲအထိ ရှုံးခဲ့ တယ်။ ရိုးမားပဲ နိုင်ပွဲရလိမ့်မယ်။

အေစီမီလန် – ဖီအိုရင်တီးနား (တနင်္ဂနွေည ၁၁း၃၀ နာရီ)

အေစီမီလန်က ခရီမိုနီဆီနဲ့ပွဲမှာ ရမှတ်လေလွင့်ခဲ့လို့ ဒီပွဲ ကို ပိုပြီး အားစိုက်ကစားလာဖို့ရှိတယ်။ ဒါပေမဲ့ ဖီအိုရင်တီးနားနဲ့ တွေ့တဲ့ နောက်ပိုင်းပွဲတွေမှာတော့ အေစီမီလန်အသင်း အနည်း ငယ် ရုန်းကန်လာရတာ သတိပြုပေးရမယ်။ ဒါ့အပြင် ဖီအိုရင်တီး နားကလည်း ရလဒ်ဆိုးတွေကြားက  ရုန်းထွက်ဖို့ကြိုးစားနေပြီး နိုင်ပွဲတွေလည်း ရလာတယ်။ ဆန်စီရိုမှာ ကစားရမှာဖြစ်ပေမဲ့ အေစီမီလန်အသင်း ကပ်နိုင်ဖို့ပဲ များပါတယ်။

ဂျူဗင်တပ်စ် – လာဇီယို (တနင်္လာနံနက် ၂း၁၅ နာရီ)

ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခဲ့ရပြီးတဲ့နောက် ဂျူဗင်တပ်စ်အသင်းက စီးရီးအေပြိုင်ပွဲ ကို အားစိုက်ကစားနေပြီး ရလဒ်တွေလည်း တောက်လျှောက်ကောင်းလာတယ်။ လာဇီယို ကလည်း တိုက်စစ်ကစားပုံကောင်းတဲ့အသင်းပါ။ ဒါပေမဲ့ အီမိုဘီလီဒဏ်ရာရနေတာကြောင့် တိုက်စစ်က သွင်းဂိုးတွေနည်းပါးနေတာကို သတိထားရမယ်။ တူရင်မှာ ကစားရမှာဖြစ်လို့ ဂျူဗင်တပ်စ်ကို ကြိုက်တယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular