spot_img

အီတလီစီးရီးအေပွဲစဉ် (၁၅) ပွဲကြိုသုံးသပ်ချက်

ဘိုလော့ဂ်နာ – ရိုးမား (ကြာသပတေးနံနက် ၀၀း၀၀ နာရီ)
ရိုးမားကစားပုံက သိပ်ပြီးယုံစားလို့မရသေးဘူး။ မော်ရင် ဟိုရဲ့အသင်းက ကစားပုံထက်မြက်ပေမဲ့ အပြောင်းအလဲများ နေတာ တွေ့ရတယ်။ ဘိုလော့ဂ်နာက တောင်ပံတိုက်စစ်ကစားပုံ ကောင်းပြီး အဝေးကွင်းမှာ ဂိုးတွေပေးရတတ်တဲ့ ရိုးမားခံစစ်ကို ခြိမ်းခြောက်နိုင်ပါလိမ့်မယ်။ သရေပွဲဖြစ်လာနိုင်တယ်။

အင်တာမီလန် – စပီဇီယာ (ကြာသပတေးနံနက် ၀၀း၀၀ နာရီ)
လက်ရှိရာသီ စီးရီးအေရဲ့ တိုက်စစ်အကောင်းဆုံး အင် တာမီလန်နဲ့ ခံစစ်အဆိုးရွားဆုံး စပီဇီယာတို့ ထိပ်တိုက်ဆုံတွေ့ မှာပါ။ အင်တာမီလန်က နာပိုလီကို အနိုင်ရပြီးနောက် ယုံကြည် မှု ပြန်လည်မြင့်တက်လာပြီး ကစားသမားတွေရဲ့ လုပ်အားနှုန်း လည်း ပိုမိုကောင်းမွန်လာတာတွေ့ရတယ်။ စပီဇီယာရဲ့ အဝေး ကွင်းခြေစွမ်းကလည်း မကောင်းလို့ အင်တာမီလန် အနည်းဆုံး (၂)ဂိုးပြတ်နိုင်သင့်တဲ့ပွဲပါပဲ။

myan789

ဂျီနိုအာ – အေစီမီလန် (ကြာသပတေးနံနက် ၂း၁၅ နာရီ)
ဂျီနိုအာက နိုင်ပွဲတစ်ပွဲရအောင် ရုန်းကန်နေရဆဲပဲ။ ဒီပုံစံအတိုင်းဆိုရင် တန်းဆင်း အန္တရာယ်နဲ့ နီးစပ်သွားနိုင်ပါတယ်။ အသင်းလိုက်ကစားပုံ အားနည်းချက်များသလို၊ အမြင့် ဘောရှင်းထုတ်ရာမှာ အားနည်းပြီး တစ်ဦးချင်းထူးချွန်သူတွေကိုလည်း မထိန်းနိုင်ဘူး။ အေစီမီလန်က ချန်ပီယံဆုအတွက် အမှားမခံရမယ့်အချိန်မျိုးပါ။ ဒါပေမဲ့ ကစားပုံလိုအပ် ချက်ရှိနေလို့ ဒီပွဲမှာလည်း ကပ်နိုင်ရုံလောက်ပါပဲ။

ဆာဆူအိုလို – နာပိုလီ (ကြာသပတေးနံနက် ၂း၁၅ နာရီ)
နာပိုလီက ပွဲကျပ်ကာလကို ဖြတ်သန်းခဲ့ရပြီး ဥရောပပြိုင်ပွဲရှိနေချိန်မှာ အာရုံထွေပြားခဲ့တာမျိုးလည်း မြင်ခဲ့ရတယ်။ တိုက် စစ်ကစားပုံ ကောင်းမွန်နေဆဲဆိုပေမဲ့ ခံစစ်က နောက်ပိုင်းပွဲတွေမှာ ဂိုးတွေဆက်တိုက်ပေးလာရပြီး ရာသီအစကလို မတည်ငြိမ် တော့ဘူး။ ဆာဆူအိုလိုက အစဉ်အလာအရ နာပိုလီကို ဒုက္ခပေးနိုင်သလို၊ လက်ရှိစုဖွဲ့မှုအရလည်း သတိထားရမယ့်အခြေအနေ မျိုးပါ။ ဘယ်ရာဒီ၊ ရက်စ်ပါဒိုရီ၊ ဒီဖရဲလ်တို့နဲ့ ဆာဆူအိုလို တောင်ပံတိုက်စစ်က တိုက်စစ်ကို လိုက်ပါကစားလေ့ရှိတဲ့ နာပိုလီ အစွန်လူတွေကို အခက်တွေ့စေလိမ့်မယ်။ ဒီလိုပဲ နာပိုလီရဲ့ တောင်ပံတိုက်စစ်ကလည်း ဆာဆူအိုလိုကို အကြီးအကျယ် ခြိမ်းခြောက်နိုင်မှာဖြစ်ပြီး အဆုံးသတ်စွမ်းရည်မှာတော့ နာပိုလီ သာပါတယ်။ အိမ်ကွင်းမှာ ဆာဆူအိုလိုရလဒ်ဟာ အထက်တန်း စားမဟုတ်လို့ တစ်မှတ်ထက်ပိုမျှော်လင့်လို့မရဘူး။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular