ဘာစီလိုနာအသင်းဟာ အိုလ်မိုကို ခေါ်ယူနိုင်ခဲ့ပေမယ့် မှတ်ပုံတင်နိုင်ဖို့ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။ ဘာစီလိုနာရဲ့ဘဏ္ဍာရေးအနေအထားဟာ ဆိုးဝါးနေဆဲဖြစ်ပြီး လိုက်ပ်ဇစ်ထံကနေ အိုလ်မိုကို ခေါ်ယူနိုင်ခဲ့ပေမယ့် မှတ်ပုံတင်ဖို့ ခက်ခဲနေပါတယ်။
အိုလ်မိုဟာ ဘာစီလိုနာအသင်းနဲ့ လေ့ကျင့်ခန်းစတင်ဆင်းနေပြီဖြစ်ကာ လာမယ့်တနလာၤနေ့မှာကန်မယ့် ဂမ်ပါဆုဖလားဖိုင်နယ်ပွဲအဖြစ် မိုနာကိုအသင်းနဲ့ပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။ ဒါပေမယ့်လည်း လာလီဂါအဖွင့်ပွဲဖြစ်တဲ့ ဗလန်စီယာနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ အသင်းဘက်က မှတ်ပုံတင်ရမယ့်အခြေအနေက မရှင်းလင်းသေးတာဖြစ်ပါတယ်။
သတင်းတွေအရ ဘာစီလိုနာဟာ မကြာသေးခင်တုန်းက catering and logistics ကုမ္ပဏီတစ်ခုဖြစ်တဲ့ Aramark နဲ့ ယူရိုသန်း ၄၀ တန် စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း အသင်းဘက်က ကစားသမားတော်တော်များများ မှတ်ပုံတင်နိုင်ဖို့ ခက်ခဲနေဆဲလို့ သိရပါတယ်။
အိုလ်မိုနည်းတူ ကစားသမားတော်တော်များများဖြစ်တဲ့ ဗစ်တာရိုကွေး ၊ မာတီနက်ဇ် ၊ လန်ဂလက်ချ် ၊ ဂါစီယာတို့ကို မှတ်ပုံတင်နိုင်ခြင်းမရှိတာဖြစ်ပါတယ်။ ဘာစီလိုနာ အားကစားဒါရိုက်တာ ဒေကိုနဲ့ ဥက္ကဌ လာပေါ်တာတို့ကတော့ ရာသီသစ်မတိုင်ခင် အဆိုပါပြဿနာကို အဖြေရှာဖို့ ပြင်ဆင်နေပါတယ်။