spot_img

အိုင်ယာလန် ခရီးစဉ်ကို ၄ရက်စောပြီး ဖျက်သိမ်းခဲ့ရကာ ၊ ယနေ့မှာပဲ လန်ဒန်သို့ ပြန်လည် ထွက်ခွာလာတော့မယ့် ချဲလ်ဆီး

ချဲလ်ဆီး အသင်း ဟာ ၎င်းတို့ရဲ့ အိုင်ယာလန်သို့ ရက်သတ္တပတ် တပတ်ကြာ ရာသီကြို ပြင်ဆင်မှုကို ဖျက်သိမ်းပြီး ၊ ယနေ့မှာပဲ လန်ဒန်ရှိ ၊ ကော့ဘ်ဟမ်း လေ့ကျင့်ရေးကွင်းသို့ ပြန်လည် ထွက်ခွာလာတော့မှာ ဖြစ်ကြောင်း သိရပါတယ် ။ယင်း အိုင်ယာလန် ခရီးစဉ်ကို ချဲလ်ဆီး အသင်း ဟာ လွန်ခဲ့တဲ့ ၃ရက်အလို ကတည်းက စတင်ခဲ့တာ ဖြစ်ပြီး ၊ နည်းပြဖြစ်သူ သောမတ်စ် တူချယ်နဲ့ သူ့ရဲ့ နည်းပြ အဖွဲ့ ၊ ချဲလ်ဆီး အသင်းသား ၂၆ယောက် ဟာ ဒပ်ဘလင်မြို့ရှိ ၊ ကာတန်ဟောက်စ် ဟိုတယ်မှာ စခန်းသွင်း လေ့ကျင့်နေခဲ့တာ ဖြစ်ပါတယ် ။

နဂိုစီစဉ်ထားပုံ အရ ဒီခရီးစဉ် ဟာ လာမယ့် ဇူလိုင် ၂၄ရက်နေ့ အထိ ကြာမြင့်မှာ ဖြစ်ပေမယ့် ၊ ကံဆိုးစွာနဲ့ ချဲလ်ဆီး အသင်းနဲ့ လိုက်ပါလာတဲ့ အဖွဲ့ဝင် တဦးမှာ ကိုဗစ် ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့လို့ ၊ ယင်းခရီးစဉ် ဟာ ယနေ့မှာပဲ တရားဝင် ဖျက်သိမ်းလိုက်ရပြီ ဖြစ်ပါတယ် ။အမှန်တကယ်ဆိုရင် ယနေ့ ညနေမှာ ချဲလ်ဆီး အသင်း ဟာ အိုင်ယာလန် ပထမတန်းလိဂ် ကလပ် ဒရော့ဂ်ဟက်ဒါ အသင်းနဲ့ ကွင်းပိတ် ခြေစမ်း ကစားခဲ့ရမှာဖြစ်ပြီး ၊ ကိုဗစ်ပိုး တွေ့ရှိခဲ့မှုကြောင့် ထိုအစား မနေ့က ချဲလ်ဆီး အသင်းသား အချင်းချင်း ၊ ၂သင်းခွဲပြီး ပွဲတပွဲ ကစားစေခြင်းဖြင့် အဆုံးသတ်ခဲ့ရပါတယ် ။

myan789

ယင်း ကွင်းပိတ် လေ့ကျင့်ရေးပွဲဟာ တဖက် တဂိုးစီ သရေ ရလဒ်နဲ့ ပြီးဆုံးခဲ့ရပြီး ၊ ၂ဂိုးလုံးကို ဒုတိယပိုင်းမှာ မြင်တွေ့ခဲ့ရပြီး ၊ အပြာရောင် အသင်း အတွက် ဂိုးကို ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း က ညာနောက်ခံလူ ဒူဂျွန် စတားလင်းရဲ့ ဖန်တီးမှု တဆင့် သွင်းယူခဲ့ကာ ၊ အနက်ရောက် အသင်း အတွက် ချေပဂိုးကို ဟာကင် ဇီယက်ချ်ရဲ့ ဖန်တီးမှုကနေ လူငယ် တိုက်စစ်မှူး အာမန်ဒို ဘရိုဂျာ က သွင်းယူပေးခဲ့ပါတယ် ။

ချဲလ်ဆီး အသင်း ဟာ လာမယ့် ဇူလိုင် ၂၇ရက်နေ့ညမှာ ဘုန်းမောက် အသင်းနဲ့ ခြေစမ်း ကစားဖို့ ရှိနေပေမယ့် ၊ အခုလို ကိုဗစ်ပိုး တွေ့ရှိခဲ့ခြင်းကြောင့် positive ဖြစ်တဲ့အဖွဲ့ဝင်နဲ့ ၎င်းနဲ့ ထိတွေ့ထားသူ ဘယ်၂ယောက် ရှိတယ် ဆိုတာကိုတော့ အတိအကျ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး ။ချဲလ်ဆီး အသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ တဦး ကတော့ မနေ့က ထုတ်ပြန်ချက်မှာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ” ဒီနေ့ မနက်မှာ ကျွန်တော်တို့ဟာ ဖြစ်နိုင်တဲ့ ကိုဗစ် ရောဂါပိုး တွေ့ရှိထားမှု အခြေအနေ တရပ်နဲ့ ပတ်သက်ပြီး ရှာဖွေ စစ်ဆေးမှုတွေ လုပ်နေပါတယ် ။ ”

” ရောဂါ ကူးစက်ခံထားရသူ ဟာ အခုအချိန်မှာ တဦးတည်း သီးသန့်ခွဲနေပြီး ကွာရန်တင်း လုပ်နေပါတယ် ။ ဒီတော့ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ကျွန်တော် တို့ဟာ ဒီနေ့ ညနေ ဒရော့ဂ်ဟက်ဒါ အသင်းနဲ့ ကစားမယ့် ကွင်းပိတ် ခြေစမ်းပွဲကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး အသင်း ဟာ ပရီးမီးယားလိဂ် ရာသီသစ် မစတင်မီ ၊ ဘုန်းမောက် အသင်း အပြင် ၊ လန်ဒန်မြို့ခံ ပြိုင်ဖက် ၂သင်းဖြစ်တဲ့ အာဆင်နယ် ၊ တော့တင်ဟမ် အသင်းတွေနဲ့လည်း ဆက်လက် ခြေစမ်း ကစားသွားဖို့ ရှိပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular