spot_img

အာမက် နဲ့ ဟွိုက်လန်းတို့ အချင်းများမှုကို သဘောကျနေတဲ့ အာမိုရင်

ပလာဇန်အသင်းကို ၂-၁ နဲ့အနိုင်ရပြီးနောက် ပွဲသိမ်းခရာမှုတ်ချိန်မှာ ပွဲကစားချိန်အတွင်း ဘောလုံးမပေးခဲ့တဲ့ အာမက် နဲ့ ဟွိုက်လန်းတို့ကြား အချင်းများမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အိုင်ဗရီကို့စ်သားက ဘောလုံးမပေးခဲ့တာကြောင့် ပွဲအပြီးမှာ ဟွိုက်လန်းနဲ့အချင်းများခဲ့တာဖြစ်ပြီး အာမိုရင်က အဆိုပါဖြစ်ရပ်ကို အပေါင်းလက္ခဏာဆောင်တယ်လို့ ထင်မြင်နေပါတယ်။

“ကျွန်တော့်အတွက်တော့ အဲ့တာက ပြီးပြည့်စုံပါတယ်။ ကျွန်တော်တို့ တစ်စုံတစ်ခုခံစားဖို့ လိုအပ်ပါတယ်။ တကယ်လို့ တစ်ယောက် နဲ့ တစ်ယောက်တိုက်ခိုက်နေတယ်ဆိုရင် အဲ့တာက မိသားစုနဲ့ဆင်တူပါတယ်။ ကျွန်တော့်အတွက်တော့ အဲ့တာက အရမ်းကောင်းတဲ့လက္ခဏာပါ။ကျွန်တော်တို့ အဲ့လိုမျိုးဖြစ်နေဖို့ လိုအပ်ပါတယ်။ မိသားစုတစ်စုအနေနဲ့ ကြည့်မယ်ဆိုရင် ခင်ဗျားအနေနဲ့ ဂရုမစိုက်ဘူးဆိုရင် ဘာမှလုပ်မှာမဟုတ်ပါဘူး။ တကယ်လို့ ခင်ဗျားဂရုစိုက်တယ်ဆိုရင် အဲ့တာက တိုက်ခိုက်ရတာတွေရှိလာပါတယ်။

myan789

ကျွန်တော့်အတွက်တော့ အခုလိုဖြစ်တာက ကောင်းတဲ့လက္ခဏာဖြစ်သလို သာမန်အရာပါပဲ။ ဘရူနိုကိုလည်း စိတ်အေးအေးထားဖို့ ပြောခဲ့ပါတယ်။ တကယ်လို့ အရမ်းတွေးနေရင် ကျွန်တော် အဝတ်လဲခန်းထဲသွားပြီး အချိန်ယူပါတယ်။

Ruben Amorim likes the match between Amad Diallo and Rasmus Hojlund

သူတို့ စကားပြောကြသလို ကျွန်တော့်အတွက် တိုက်ခိုက်ပါတယ်။ အဲ့တာက အရမ်းအရေးကြီးတဲ့အရာပါ။ ကျွန်တော် ဒီပွဲအနိုင်ရတာကို ပျော်သလို တစ်ဦးနဲ့တစ်ဦးတိုက်ခိုက်တာကိုလည်း မြင်ရတာ ကျေနပ်ပါတယ်။ ခင်ဗျားအနေနဲ့ ခင်ဗျားအသင်းဖော်တွေနဲ့ တိုက်ခိုက်ရပါမယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားအနေနဲ့ ဂိုးတွေပိုသွင်းချင်တာကြောင့်ပါ။ အဲ့တာက ကျွန်တော်တို့အတွက် အရမ်းကောင်းတဲ့နေ့ဖြစ်လာနိုင်ပါတယ်”လို့ အာမိုရင်က ပြောကြားခဲ့ပါတယ်။

အတိတ်ကာလတုန်းက ယူနိုက်တက်ကစားသမားတွေဟာ အလုပ်မကြိုးစားဘူးဆိုပြီး စွပ်စွဲခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ဖြစ်ရပ်က ယူနိုက်တက်ရဲ့အပြောင်းအလဲကို မြင်တွေ့လာရတာဖြစ်ပြီး အာမိုရင်ရဲ့ခေတ်အစကို မြင်ရဖွယ်ရှိနေပါတယ်။ ၁၆ သင်းအဆင့်ကိုတက်ရောက်နိုင်ဖို့ ယူနိုက်တက်အနေနဲ့ အခုထက်ပိုကောင်းအောင်လုပ်ဆောင်ရမှာဖြစ်ပြီး လာမယ့်တနင်္ဂနွေနေ့မှာ ယူနိုက်တက်ဟာ မန်ချက်စတာဒါဘီအဖြစ် မန်စီးတီးနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular