အာဖရိကရွှေ့ပြောင်းလုပ်သားများအပေါ် ပြောကြားခဲ့သည့် မှတ်ချက်စကားအတွက် ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို ဝေဖန်ခံနေရ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)၏ ဥက္ကဋ္ဌဖြစ်သူ အင်ဖန်တီနိုသည် အာဖရိကရွှေ့ပြောင်းအလုပ်သမားများအပေါ် ပြောကြားခဲ့သည့် မှတ်ချက်စကားကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

အင်ဖန်တီနိုသည် အာဖရိကအလုပ်သမားများအပေါ် ကူညီရန် တောင်းဆိုသည့်စကားကို ပြောဆိုခဲ့ခြင်းဖြစ်သော်လည်း ယင်းကဲ့သို့မကူညီပါက အာဖရိကရှိ လူများသည် အခြားအလုပ်အကိုင်များလုပ်ရန် ပင်လယ်ကိုဖြတ်ကူးရင်း သေဆုံးနိုင်သည်ဆိုသည့်သဘော သက်ရောက်သည့်စကား ပြောဆိုခဲ့ခြင်းဖြစ်သည်။

myan789

အင်ဖန်တီနိုသည် ယင်းကဲ့သို့စကားမျိုး ပြောဆိုခဲ့ခြင်းမှာ စကားပြောဆိုမှု မှားသွားခြင်းဖြစ်ကြောင်း အကြောင်းပြနိုင်သော်လည်း ယင်းကဲ့သို့ စကားပြောဆိုသည့် မူရင်းရည်ရွယ်ချက်သည် အာဖရိကနိုင်ငံများမှ ပြည်သူများအပေါ် သူ၏အတွင်းစိတ် ထင်ဟပ်နေခြင်းဖြစ်သည်ဟု အီဂျစ်နာမည်ကြီးသတင်းစာတစ်စောင်က ဝေဖန်ခဲ့သည်။

အလားတူ ဥရောပမီဒီယာများကလည်း အင်ဖန်တီနိုသည် ၎င်းရယူထားသည့်ရာထူးနှင့် မလိုက်ဖက်သည့် စကားမျိုးကို လက်လွတ်စပယ်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်ခဲ့ကြပြီး စဉ်းစားဆင်ခြင်Óဏ်မရှိသူဖြစ်သည်ဟုလည်း ပြစ်တင်ခဲ့သည်။

အင်ဖန်တီနိုသည် ကမ္ဘာ့ဖလား ပြိုင်ပွဲကို (၂)နှစ်တစ်ကြိမ် ကျင်းပလိုသည့် ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး ရှင်းလင်းပြောဆိုခဲ့ရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

၎င်းက ”ကျွန်တော်တို့က အခွင့်အရေးတွေ ပေးနိုင်ဖို့လိုသလို၊ လူသားဂုဏ်သိက္ခာတွေလည်း ပေးနိုင်ဖို့လိုပါတယ်။ ဒီအတွက် လှူဒါန်းမှုတွေ လုပ်စရာမလိုပါဘူး။ ကမ္ဘာကြီးရဲ့ကဏ္ဍစုံမှာ သူတို့ကိုယ်တိုင်ပါဝင်လာအောင် လုပ်ပေးဖို့ပဲလိုပါတယ်။ ကျွန်တော်တို့ဟာ အာဖရိကကပြည်သူတွေအတွက် မျှော်လင့်ချက်တွေ ပေးနိုင်မယ်ဆိုရင် သူတို့ အနေနဲ့ မြေထဲပင်လယ်ကို ဖြတ်ကူးပြီး အလုပ်လာလုပ်ဖို့ ခိုးဝင်နေစရာမလိုတော့ပါဘူး။ ပင်လယ်ကူးရင်း သေဆုံးသွားတာထက် ပိုမိုကောင်းမွန်တဲ့ဘဝကို ရရှိဖို့အတွက် အခွင့်အရေးကောင်းလာပါလိမ့်မယ်”ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

Missing Migrants Project သည် ရွှေ့ပြောင်းလုပ်သားများ၏ ပျောက်ဆုံးသေဆုံးမှုများနှင့်ပတ်သက်သည့် အချက်အလက်များကို ရှာဖွေထုတ်ပြန်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၎င်းတို့၏စာရင်းဇယားများအရ မြေထဲပင်လယ်ကိုဖြတ်ကူးပြီး အာဖရိကမှ ဥရောပသို့ ခိုးဝင်ရန် ကြိုးစားနေသူများ၏ ပျောက်ဆုံး (သို့) သေဆုံးမှုမှာ (၂၃၀၀၀) ကျော်အထိရှိလာပြီဖြစ်သည်။

အင်ဖန်တီနိုက ယင်းအချက်ကို ကိုးကားကာ ပြောဆိုခဲ့ခြင်းဖြစ်ပြီး မိမိ၏ပြောလိုရင်းကို ကောက်ယူမှုလွဲမှားနေသည်ဟု ကာကွယ်ပြောဆိုခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular