spot_img

အာနိုးလ်ကို ကွင်းလယ်တွင် အသုံးပြုခဲ့သည့် ဆုံးဖြတ်ချက်ကို ဆောက်ဂိတ် ကာကွယ်ခဲ့သော်လည်း ညာနောက်ခံနေရာတွင်သာ ပိုကောင်းသည်ဟု ဝန်ခံ

အင်္ဂလန်အသင်း၏ နည်းပြဖြစ်သူ ဆောက်ဂိတ်သည် အန်ဒိုရာအသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်တွင် ညာနောက်ခံလူ အာနိုးလ်အား ကွင်းလယ်တွင် အသုံးပြုခဲ့သည့် သူ၏ နည်းဗျူဟာပိုင်းဆုံးဖြတ်ချက်အပေါ် ကာကွယ်ပြောဆိုမှုများပြုလုပ်ခဲ့သည်။

သို့ရာတွင် အာနိုးလ်သည် ညာနောက်ခံနေရာတွင်သာ ပိုမိုသင့်တော်သည့် ကစားသမားဖြစ်သည်ဟုလည်း ဝန်ခံပြောကြားခဲ့သည်။

myan789

အာနိုးလ်သည် ယင်းပွဲစဉ်တွင် အင်္ဂလန်လက်ရွေးစင်ကစားသမားဘဝသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ကွင်းလယ်ကစားသမားအဖြစ် ကစားခဲ့ရ ခြင်းဖြစ်သည်။

ဆောက်ဂိတ်၏ အင်္ဂလန်အသင်းတွင် ညာနောက်ခံနေရာအတွက် အရည်အသွေးမြင့်ကစားသမား အလုံအလောက်ရှိနေရာ ဆောက်ဂိတ်သည် တိုက်စစ်ကို လိုက်ပါပံ့ပိုးပုံကောင်းသည့် အာနိုးလ်ကို ကွင်းလယ်တွင် ကစားနိုင်စွမ်းရှိသည်ဟု ယုံကြည်ခဲ့ခြင်းဖြစ်နိုင်ပြီး၊ ယင်းမှာ နည်းပြတစ်ဦးအနေဖြင့် အလွန်ဆိုးရွားသည့် ယူဆချက်တစ်ခုဖြစ်သည်ဟုလည်း သုံးသပ်သူများက ဝေဖန်ခဲ့ကြသည်။

ခံစစ်ကစားသမားတစ်ဦး တိုက်စစ်လိုက်ပါပုံကောင်းခြင်းသည် ကွင်းလယ်ကစားသမားကောင်းတစ်ဦးဖြစ်လာနိုင်ခြင်းနှင့် လုံးဝမသက်ဆိုင်ကြောင်း ဆောက်ဂိတ် နားလည်ရန်လိုသည်ဟု ဂရေမီဆောင်းနက်စ်က ပြောကြားခဲ့ပြီး ရောဘတ်တိုကားလို့စ်သည် ဘယ်တုန်းကမှ ကွင်းလယ်လူတစ်ဦး မဖြစ်ခဲ့ကြောင်းလည်း ထောက်ပြပောဆိုခဲ့သည်။

အာနိုးလ်သည် အန်ဒိုရာလို အသင်းငယ်လေးတစ်သင်းနှင့် ကစားသည့်ပွဲတွင်ပင် ကွင်းလယ်ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့ဘဲ ရုန်းကန်ခဲ့ရပြီး ထိပ်တန်းအသင်းကြီးများနှင့်ဆိုပါက ပိုမိုခက်ခဲသွားနိုင်သည်ဟု သုံးသပ်သူများကဆိုသည်။

ယင်းပွဲစဉ်တွင် ကစားခဲ့သည့် ကွင်းလယ်အတွဲဖြစ်သည့် ဘယ်လင်ဟမ်၊ ဟန်ဒါဆန်နှင့် အာနိုးလ်တို့ထဲတွင်လည်း အာနိုးလ်သည် အားအနည်းဆုံး ကွင်းလယ်လူဖြစ်ခဲ့ပြီး ယင်းမှာ ကစားသမား၏ အပြစ်မဟုတ်ဘဲ နည်းပြ၏ အပြစ်သာဖြစ်သည်ဆိုသည့် သုံးသပ်မှုများလည်း ပြုလုပ်ခဲ့ကြသည်။

ညာနောက်ခံလူနေရာတွင် ခိုင်မာသည့် ဆုံးဖြတ်ချက်တစ်ခုချကာ တစ်ဦးဦးကို နေရာပေးရမည့်အစား အာနိုးလ်ကို အခြားနေရာသို့ ပို့ကာ သူ၏ အခက်အခဲကို ကျော်ဖြတ်ရန် ကြိုးစားခြင်းဖြစ်သည်ဟု ဒန်းနစ်အမ်ဘရို့စ်ဟုဆိုသည့် ဆိုရှယ်မီဒီယာအသုံးပြုသူတစ်ဦးက သုံးသပ်ခဲ့သည်။

ဆောက်ဂိတ်ကမူ ”ကျွန်တော်တစ်ခုခုကို မြင်ချင်ခဲ့တာဖြစ်ပြီး သူက ပွဲကောင်းတစ်ပွဲကို ကစားခဲ့တယ်လို့လည်း ကျွန်တော်ထင်ပါတယ်။ နောက်ပိုင်းမှာ သူပိုပျော်ရွှင်တဲ့နေရာမှာ ကျွန်တော် ပြန်သုံးခဲ့ပါတယ်။ အာနိုးလ်ဟာ ဘောလုံးနဲ့အတူ အများကြီးလုပ်နိုင်စွမ်းရှိတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ပထမပိုင်းမှာ သူ့ကစားပုံကို ကျေနပ်ခဲ့သည့်တိုင် ဒုတိယပိုင်းမှာ ကစားခဲ့တဲ့ ခြေစွမ်းက ပိုကောင်းတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော် သူ့ကို စမ်းသပ်ခဲ့တဲ့ စမ်းသပ်ချက်က မှားတယ်လို့ မထင်ပါဘူး”ဟု ဆိုခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular