ပြီးခဲ့တဲ့ တစ်ပတ် က လီဗာပူး အသင်း နဲ့ သရေကျပြီး ရမှတ် ၂ မှတ် နစ်နာ ဆုံးရှုံး ခဲ့ရပေမယ့် အာဆင်နယ် အသင်းဟာ ချန်ပီယံ ဖြစ်ဖို့ အကောင်းဆုံး အနေအထား မှာ ရှိနေတဲ့ အသင်း ဖြစ်ကြောင်း ဝက်စ်ဟမ်း အသင်း နည်းပြ ဒေးဗစ် မိုယက်စ် က ပြောကြား လိုက်ပါတယ် ။
မိုယက်စ် ရဲ့ ဝက်စ်ဟမ်း အသင်း ဟာ ဒီတစ်ပတ်မှာ ချန်ပီယံဆု အတွက် ယှဉ်ပြိုင် နေတဲ့ အာဆင်နယ် အသင်း ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ် ။ အာဆင်နယ် နည်းပြ အာတီတာ ဟာ အဲဗာတန် မှာ ကစားစဉ်တုန်းက ဒေးဗစ်မိုယက်စ် လက်အောက်မှာ ကစားခဲ့ဖူးသူ ဖြစ်တာကြောင့် ဆရာတပည့် နှစ်ယောက် ပြန်လည် ရင်ဆိုင်ရမယ့် ပွဲလည်း ဖြစ်ပါတယ် ။
ဒေးဗစ်မိုယက်စ် က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ သူ့ရဲ့ တပည့်ဟောင်း အာတီတာ ရဲ့ အာဆင်နယ် အသင်း နဲ့ ပတ်သက်ပြီး ” သူတို့မှာ ချန်ပီယံဆု အတွက် ကြီးမားတဲ့ အခွင့်အရေး ရှိနေပါတယ် ။သူတို့ လိဂ် ချန်ပီယံ ဖြစ်မလား ဆိုတာတော့ ကျနော်လည်း မသိပါဘူး ၊ ဘာကြောင့်လဲ ဆိုရင် သူတို့က မန်စီးတီး နဲ့ အကြိတ်အနယ် ယှဉ်ပြိုင် နေရတာကြောင့် မို့လို့ပါ ။ ”
” ဒါပေမယ့် အာဆင်နယ် အသင်း ကစားတာ တကယ် ကောင်းပါတယ် ၊ ချန်ပီယံဆု ရယူဖို့အတွက် အကောင်းဆုံးနေရာမှာ ရှိနေအောင်လည်း သူတို့ စွမ်းဆောင် ထားနိုင်ပါတယ် ၊ သူတို့က သိပ်ကောင်းနေတဲ့ အသင်းပါ ၊ ရလဒ်ကောင်းတွေလည်း ဆက်တိုက် ရယူ ထားနိုင်ပါတယ် ။ ”
” သူတို့နဲ့ ကစားရမယ့် ပွဲက ခက်ခဲတဲ့ ပွဲတစ်ပွဲတော့ ဖြစ်မှာပါ ၊ ဒါပေမယ့် ပြီးခဲ့တဲ နှစ်တွေ အတွင်း သူတို့နဲ့ ကစားတဲ့ ပွဲမှာ ကျနော်တို့ ၂ ပွဲလောက် ရလဒ်ကောင်း ရယူ နိုင်ခဲ့ပါတယ် ၊ ကျနော်တို့ ဒီတစ်ခေါက်လည်း အဲ့ဒီလို ထပ်လုပ်နိုင်ဖို့ မျှော်လင့် ထားပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။