spot_img

အာဆင်နယ် အသင်း ရလဒ်တွေ ဆိုးရွားနေတုန်းက အိပ်မပျော်တဲ့ညတွေ ရှိခဲ့ကြောင်း ရင်ဖွင့်လာတဲ့ အာတီတာ

အာဆင်နယ် အသင်း နည်းပြ မီခေးလ် အာတီတာ က သူတို့ အသင်း ရလဒ်တွေ ဆက်တိုက် ဆိုးရွား နေချိန်မှာ ခေါင်းကိုက် ဝေဒနာ ခံစားခဲ့ရပြီး အိပ်မပျော်တဲ့ညတွေတောင် ရှိခဲ့တယ်လို့ ဘရိုက်တန် နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ချဲလ်ဆီး အသင်း နဲ့ ပွဲမှာ သုံးဂိုး တစ်ဂိုး နဲ့ အနိုင်ယူပြီး နောက်ဆုံး ကစားခဲ့တဲ့ ၇ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးမှု ကို ရပ်တန့် နိုင်ခဲ့ပါတယ် ။ အာတီတာ က ကစားသမားဘဝထက် နည်းပြ ဘဝ ဟာ ပိုမို ခက်ခဲ ရုန်းကန်ရကြောင်း ဖွင့်ဟ လိုက်ပါတယ် ။

myan789

အာတီတာ ဟာ ဘာစီလိုနာ အသင်း အကယ်ဒမီ ကနေ ထွက်ပေါ် လာခဲ့တဲ့ ကစားသမား တစ်ဦးဖြစ်ပြီး ရိန်းဂျား၊ အဲဗာတန် နဲ့ အာဆင်နယ် အသင်းတွေမှာ ကစားခဲ့ကာ ၂၀၁၆ ခုနှစ်မှာ ဘောလုံး ကစားသမား ဘဝကနေ အနားယူ ခဲ့ပါတယ် ။

အာတီတာ ဟာ ကစားသမားဘဝ က အနားယူချိန်မှာ ပက်ဂွာဒီယိုလာ ရဲ့ လက်ထောက် အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး မနှစ်က အာဆင်နယ် အသင်း ရဲ့ နည်းပြ အဖြစ် ခန့်အပ် ခံခဲ့ရပါတယ် ။ အာတီတာ ဟာ သူ့ရဲ့ နည်းပြ ဘဝ အစမှာ အက်ဖ်အေဖလား ၊ ကွန်မြူနတီဒိုင်းတွေ ရယူ နိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ အဆိုးရွားဆုံး ရာသီအစနဲ့ ကြုံတွေ့ခဲ့ရပါတယ် ။

အာတီတာ ​က ဘရိုက်တန် နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ” ကျွန်တော့်မှာ အိပ်လို့ လုံးဝ မပျော်တဲ့ ညတာရှည်တွေ ရှိခဲ့သလား ? ဒါပေါ့ဗျာ ၊ ရှိတာပေါ့ ၊ ဒီအလုပ်က ၂၄ နာရီ တစ်ပတ်လုံး လုပ်ရတဲ့ အလုပ်ကိုဗျ ၊ ဘောလုံး ကစားတာထက်တောင် ပိုခက်ခဲတဲ့ အလုပ်ပါ ၊ အခြား ပြင်ပ က အရာတွေကိုလည်း ကိုင်တွယ် ဖြေရှင်းရပါတယ် ၊ တကယ့်ကို စိန်ခေါ်မှုများတဲ့ အလုပ်ပါပဲ ။ ”

” ပြဿနာတွေ အများကြီးပါပဲ ၊ ရလဒ်ဆိုးရွားတဲ့ အခါတွေမှာပေါ့ဗျာ ၊ တစ်ခါတစ်လေမှာ ကိုယ့်အသင်း ရှုံးနိမ့်ရတဲ့ အကြောင်းအရင်းမှန်ကို ရှာမတွေ့တာမျိုးလည်း ရှိတတ်ပါတယ် ၊ ကျွန်တော်တို့ လုပ်နိုင်ရမယ့် အရာကို ဘယ်အချိန်မှ လုပ်နိုင်မှာလဲ ဆိုတာ စဉ်းစားရတာ တကယ့်ကို ခေါင်းကိုက်စရာပါပဲ ။ ”

” ဒါပေမယ့် မတူညီတဲ့ နည်းလမ်းတွေ ရှာဖွေပြီး ရလဒ်ကောင်းအောင် ပုံဖော်ရတာကိုက ဘောလုံးပွဲတွေရဲ့ အလှတရားပါပဲ ။ ကျွန်တော်ရဲ့ တာဝန်က ကစားသမားတွေ စိတ်ဓတ်တက်ကြွလာစေဖို့ ၊ စည်းလုံး ညီညွတ်စေဖို့ နဲ့ အသင်းလိုက် စိတ်ဓတ် နိုးကြွား လာစေဖို့ပါ ၊ အသင်း နိုင်ပွဲတွေ မရချိန်မှာတောင်ပေါ့ဗျာ ။ ”

” ဒီလို လုပ်ဖို့က လွယ်တော့ မလွယ်ပါဘူး ၊ စွမ်းအင်တွေ အများကြီး လိုအပ်ပါတယ် ၊ တစ်ခါတစ်လေမှာ စိတ်ပျက်ပြီး ဝမ်းနည်းရပေမယ့် ဒီအရာတွေကို ကျော်ဖြတ်နိုင်ဖို့ အချိန်တစ်ခုတော့ ယူရတာပါပဲ ။ ”

” ကျွန်တော်ကတော့ ဒီအရာတွေကို ကျော်ဖြတ်နိုင်ဖို့ မိသားစု နဲ့ အတူ နေထိုင်ပါတယ် ၊ အသင်းကလူ​တွေ အားလုံး အပါအဝင် အီဒူး ၊ ဘုတ်အဖွဲ့ တို့တစ်တွေကပါ ကျွန်တော့်ကို စူပါ ထောက်ခံ အားပေး ကြတော့ အများကြီး အကူအညီ ဖြစ်စေပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular