အာဆင်နယ် အသင်းဟာ အမှတ်ပေး ဇယား ထိပ်ဆုံး ရောက်နေပေမယ့် ကာရေဂါ ကတော့ အာတီတာ ရဲ့အသင်းဟာ မနှစ်ကလောက် တိုက်စစ် စွမ်းဆောင်ရည် ထက်မြက်မှု မရှိတော့ကြောင်း သုံးသပ် ပြောကြား လိုက်ပါတယ် ။
ဟားဗတ်ဇ် ရဲ့ နောက်ကျ သွင်းဂိုး နဲ့ အတူ ဘရန့်ဖိုဒ့် ကို အနိုင် ရခဲ့တဲ့ အာဆင်နယ် အသင်းဟာ ဒီရာသီမှာ ပထမဆုံး အကြိမ် အဖြစ် အမှတ်ပေး ဇယား ထိပ်ဆုံးကို ရောက်ရှိ လာခဲ့ပါတယ် ။ အာဆင်နယ် အသင်း ရဲ့ဒီရာသီ စွမ်းဆောင်ရည်ဟာ အထင်ကြီးစရာ ကောင်းပေမယ့် ကာရေဂါ ကတော့ လွှမ်းမိုးမှု ၊ လျင်မြန်ထက်မြက်မှု နှင့် ခြိမ်းခြောက်နိုင်မှု အပိုင်းမှာ မနှစ်ကလောက် မကောင်းကြောင်း ဆိုပါတယ် ။
လီဗာပူး နောက်ခံလူဟောင်း က ဂျေးဇု ၊ မာတင်နယ်လီ ၊ ဆာကာ ၊ အော်ဒီဂတ် တို့ဟာ အရင်နှစ်ကလောက် မကောင်းတော့ဘူးလို့ ယုံကြည်နေတာလည်း ဖြစ်ပါတယ် ။
” အာဆင်နယ် က မနှစ်က နဲ့ လုံးဝ မတူတော့ပါဘူး ထ အချက်အလက်တွေ ကြည့်ရုံနဲ့တင် မြင်သာပါတယ် ၊ မနှစ်ကလို လွှမ်းမိုးမှု ၊ လျင်မြန်မှု ၊ ခွန်အား ၊ အခွင့်အရေး ဖန်တီးမှုတွေ ဒီနှစ်မှာ သိပ်မတွေ့ရပါဘူး ။ ”
” ဒါက နည်းဗျုဟာ ပိုင်း နဲ့ မဆိုင်ပါဘူး ၊ အာဆင်နယ် က ကစားနေကြ ပုံစံ အတိုင်းပဲ ကစားနေတာပါပဲ။ ဇင်ချန်ကို က ကွင်းလယ်ကို လာတယ် ၊ ရိုက်စ် က သောမက်စ် နေရာ ဝင် ကစားတယ် ။ ပါတေး လည်း မနှစ်က ကစားတာ အတော် ကောင်းခဲ့ပါတယ် ၊ ရိုက်စ်လည်း သိပ်ကောင်းပါတယ်။ ကွင်းလယ်က မနှစ်ကထက် ပိုပြီး ထိုးစစ် စင်နိုင်ပါတယ် ။ ”
” မနှစ်ကလောက် မကောင်းတော့ဘူးလို့ ထင်ရတဲ့ အကြောင်းအရင်းက အာဆင်နယ် အသင်းရဲ့ တိုက်စစ်ပိုင်းကြောင့်ပါ ။ အာဆင်နယ် အသင်းရဲ့ တိုက်စစ် ကစားသမားတွေက ဒီရာသီမှာ ပျှမ်းမျှ အဆင့်ပဲ ရှိပါတယ် ၊ မနှစ်ကတော့ တကယ့်ကို ကြမ်းခဲ့တာပါ ၊ မာတင်နယ်လီ ဆာကာ ဂျေးဇု အော်ဒီဂတ် တို့က ဒီဘရိုင်းနား တို့နဲ့ အပြိုင် အပေါ်မှာ ရှိခဲ့တာပါ ။ ”
အာဆင်နယ် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ စုစုပေါင်း သွင်းဂိုး ၂၇ ဂိုး အထိ သွင်းယူ ထားပြီး တိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ အန်ကီးတီးယားက ၅ ဂိုး ၊ ဆာကာ က ၄ ဂိုး ၊ အော်ဒီဂတ် နှင့် ထရောဆက်ဒ် တို့က ၃ ဂိုး ၊ မာတင်နယ်လီ နှင့် ဂျေးဇု တို့က ၁ ဂိုးစီ သွင်းယူ ထားကြပါတယ် ။