spot_img

အာဆင်နယ် အသင်းအတွက် ကစားခွင့် မရပေမယ့် အိမ်ကနေ အသင်း နဲ့ အသင်းဖော်တွေကို အားတက်သရော အားပေးခဲ့တဲ့

အာဆင်နယ် အသင်းရဲ့ ပရီးမီးယားလိဂ် လူစာရင်း မှာကော ယူရိုပါလိဂ် လူစာရင်းမှာပါ ချန်လှပ်ခံရတဲ့ အိုဇေးလ် ကတော့ မနေ့ညက ကစားခဲ့တဲ့ ရက်ပစ် ဗီယင်နာ နဲ့ ပွဲကို အိမ်ကနေ အားတက် သရော ကြည့်ရှု အားပေးခဲ့ပြီး အသင်းအပေါ် သူ့ရဲ့ ချစ်စိတ်ကို ထုတ်ဖော် ပြသ သွားခဲ့ပါတယ် ။

အိုဇေးလ် ဟာ သူ့ရဲ့ တွစ်တာ အကောင့်မှာ ရက်ပစ် ဗီယင်နာ နဲ့ အာဆင်နယ် အသင်း ပွဲမကစားခင် ၊ ပွဲကစားနေစဉ်အတွင်း နဲ့ ပွဲကစားအပြီး အထိ စုစုပေါင်း ပိုစ့် ၇ ခု အထိ တင်ကာ အသင်း နဲ့ အသင်းဖော် တွေကို အားပေး နေကြောင်း ထုတ်ဖော် ပြသ ခဲ့တာပါ ။

myan789

အိုဇေးလ် က ပွဲမစခင် သူ့ရဲ့ ပထမဦးဆုံး ပိုစ့် အဖြစ် ” ယနေ့ည ကွင်းထဲမှာ လိုက်ပါ အားပေးခွင့် မရတေ့ာ လန်ဒန် မှာပဲ တီဗွီ ရှေ့ကနေ အားပေးရတာပေါ့ဗျာ ၊ ခင်ဗျားတို့ရဲ့ ပွဲရလဒ် ခန့်မှန်းလေးတွေ ပြောခဲ့ကြပါဦး ။ ကျွန်တော်ကတော့ ၄-၁ နဲ့ အာဆင်နယ် နိုင်မယ် ၊ ကိုလာစီနက် ၊ အယ်နီနီ ၊ လာကာဇက် ၊ ပေပေ တို့ ဂိုးသွင်းကြလိမ့်မယ် ခန့်မှန်းပါတယ် ။ ” လို့ တင်ပြီး သူ့ရဲ့ ပွဲကြို ရင်ခုန်သံကို ရေးသား ခဲ့ပါတယ် ။

အဲ့ဒီနောက်မှာတော့ အိုဇေးလ် ဟာ Okay then, let’s go Gunners!!! 😁❤️💪🏼 #UEL #COYG #YaGunnersYa #M1Ö @Arsenal လို့ ရေးသားကာ သူ့ရဲ့ ကာတွန်း gif နဲ့ အတူ ဒုတိယပိုစ့် ထပ်တင် ခဲ့ပါတယ် ။

ပထမပိုင်း အပြီးမှာလည်း အိုဇေးလ် ဟာ ဂိုးမရှိ သရေကျနေပေမယ့် အိမ်ကို အနိုင်ရလဒ် နဲ့ အတူ ပြန်လာကြဖို့ အသင်းဖော်တွေကို တိုက်တွန်း ရေးသားခဲ့ပါတယ် ။ ဒါ့အပြင် အိုဇေးလ် ဟာ လီနို ရဲ့ အမှားကြောင့် ဂိုးပေးလိုက်ရချိန်မှာ အသင်းဖော် ဂိုးသမား ကို အားပေး နှစ်သိမ့် ခဲ့ပြီး ရလဒ်ကို ပြောင်းလဲဖို့ အချိန် လုံလုံလောက်လောက် ရှိသေးကြောင်း တင်ခဲ့ပါတယ် ။

ဒေးဗစ်လူးဝဇ် ချေပဂိုး သွင်းလိုက်ချိန်မှာကော အူဘာမီယန်း အနိုင်ဂိုး သွင်းလိုက်ချိန်တွေမှာလည်း အိုဇေးလ် ဟာ တွစ်တာ မှာ အောင်ပွဲခံ ရေးသားကာ အသင်းဖော်တွေကို ဂုဏ်ပြု ပေးခဲ့ပါတယ် ။

ပွဲအပြီးမှာလည်း အိုဇေးလ် ဟာ အနိုင်သုံးမှတ်ရခဲ့တာဟာ ကောင်းမွန်ကြောင်း နဲ့ သူ့စိတ်ကြိုက် ကစားသမား ၄ ဦးကို Poll လုပ်ကာ ဒီနေ့ပွဲအတွက် MOTM ကို ရွေးချယ် စေခဲ့ပါတယ် ။ အိုဇေးလ် ရဲ့ MOTM ဆုရှင် ဆန်ကာတင် စာရင်းကတော့ အူဘာမီယန်း ၊ လူးဝဇ် ၊ အယ်နီနီ ၊ ပါတေး တို့ ဖြစ်ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ကတော့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ အိုဇေးလ် ရဲ့ တွစ်တာပေါ် က ပိုစ့် တွေ နဲ့ ပတ်သက်ပြီး ” တကယ့်ကို ကောင်းမွန်တယ်လို့ပဲ ဆိုချင်ပါတယ် ၊ လူစာရင်းမှာ မပါတဲ့ ကစားသမားတွေ ဆီက ကျွန်တော် လိုချင်တဲ့ အရာပါပဲ ။ ဒီလိုမျိုး ကြားရလိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး ၊ သတင်းကောင်းပါပဲ ။ ” လို့ ဖြေကြား သွားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular