အာဆင်နယ် အသင်းထံ သောမက်စ် ပါတေး ယူဆောင်လာပေးမယ့် အရာတွေကို ပြောကြားလိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်း နည်းပြ အာတီတာ က ကစားသမားသစ် ပါတေး ကြောင့် အသင်းဟာ အရင်ကထက်စာရင် ကစားကွက် မျိုးစုံကို ပိုမို ကစားလာနိုင်ဖို့ ရှိနေပြီး သူ့ရဲ့ အရည်အသွေးကြောင့် တိုက်စစ် နဲ့ ခံစစ် ဟန်ချက်ပိုညီလာလိမ့်မယ်လို့ ဆိုပါတယ် ။

အာဆင်နယ် အသင်း နည်းပြ အာတီတာ က arsenal . com နဲ့ အင်တာဗျုးမှာ ” ကျွန်တော်တို့ သူ့(ပါတေး)ကို ပြီးခဲ့တဲ့လအနည်းငယ်ကတည်းက စောင့်ကြည့် နေခဲ့တာပါ ၊ သူ့ရဲ့ တိုးတက်မှုကို ဂရု တစိုက် အလေးထား စောင့်ကြည့် ခဲ့ပါတယ် ။ ”

myan789

” အသင်းက လူစာရင်း အကြောင်း ကောင်းကောင်း သိလာလေ ဘယ်နေရာတွေက တိုးတက်ဖို့ လိုနေသလဲ ဆိုတာ ပိုသိလာလေပါပဲ ။ သူ့မှာ အရည်အသွေးကောင်းတွေ ရှိသလို ခံယူချက် နဲ့ စရိုက် လက္ခဏာကောင်းတွေ ရှိတာလည်း ကျွန်တော်တို့ သိပါတယ် ။ ”

” ဒါ့အပြင် သူဟာ နည်းစနစ်ပိုင်း အရည်အသွေးကောင်းမွန်ပြီး အသင်း ဘောလုံး ပိုင်ဆိုင်မှု ရရှိအောင် လုပ်ဆောင် ပေးနိုင်တဲ့ ကစားသမားပါ ။ သူ ရောက်လာတာကြောင့် ကျွန်တော်တို့ မတူညီတဲ့ ကစားကွက်တွေကို အသုံးပြု နိုင်တော့မှာပါ ။ ”

” သူက မတူညီတဲ့ ကစားကွက် ၊ မတူညီတဲ့ နေရာတွေမှာ အံဝင်အောင် ကစားနိုင်စွမ်း ရှိပါတယ် ။ ဒါက အသင်းရဲ့ကွင်းလယ် အတွက် ရွေးချယ်စရာ ပိုမို များပြား သွားစေခဲ့ပြီး ပိုမို ကောင်းမွန် လာစေပါတယ် ၊ အရင်ကဆို ကျွန်တော်တို့ အသင်း ကွင်းလယ်က အသုံးပြုနိုင်တဲ့ အတိုင်းအတာ နည်းပါတယ် ။ ”

” ကျွန်တော့် စိတ်ထဲမှာ တွေးထားတဲ့ အရာ တစ်ချို့ ရှိပါတယ် ၊ အသင်းမှာ ရှိတဲ့ ကစားသမားတွေ နဲ့ ပါတေး အတူ လေ့ကျင့်ခန်း စဆင်းတဲ့ အခါမှာ အသင်းက အရင်ကထက် ပိုမို အထိုင်ကျပြီး ခံစစ် ကနေ တိုက်စစ်ကူးပြောင်းရာမှာလည်း ဟန်ချက်ပိုပြီး ညီလာပါလိမ့်မယ် ။ ပွဲကစားချိန် အတွင်းမှာ တိုက်စစ် ကို သေချာ ပုံဖော်ပြီး အရင်ကထက် ပိုကောင်းအောင် လုပ်နိုင်ပါလိမ့်မယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း ရဲ့ နည်းစနစ် ဒါရိုက်တာ အီဒူး ကလည်း သောမက်စ် ပါတေး ဟာ အသင်း ကာလ ရှည်ကြာ စောင့်ကြည့် ပစ်မှတ်ထားတဲ့ ကစားသမား ဖြစ်ပြီး ပိုင်ရှင် နဲ့ ဘုတ်အဖွဲ့ဘက်က မီးစိမ်းပြလိုက်ချိန်မှာ အရခေါ်ယူခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ် ။

အီဒူး က အာဆင်နယ် arsenal . com နဲ့ အင်တာဗျူးမှာ ” တစ်နေ့ကျရင်တော့ ကျွန်တော်တို့ ဘယ်လောက်အထိ ကြိုးစားကြသလဲ နဲ့ ဘယ်လောက်အထိ ကြိုးစား ခဲ့ကြသလဲ ဆိုတာကို ပရိသတ်တွေကို ချပြသွားမှာပါ ။ ”

” ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ၆ လ ၊ ၇ လ လောက်ကတည်းက ကျွန်တော် နဲ့ နည်းပြ အာတီတာ အစီအစဉ် ရှိပြီးသားပါ ၊ အဲ့ဒီ အစီအစဉ်မှာ သောမက်စ် ပါတေး နာမည် ပါပါတယ် ။ ”

” ဒါကြောင့် ပရိသတ်တွေအနေနဲ့ အသင်းအတွက် မှန်ကန်တဲ့ ကစားသမား တစ်ယောက် ရဖို့ ကျွန်တော်တို့ ဘယ်နှစ်လလောက် အထိ ကြိုးစား ခဲ့ကြသလဲ ဆိုတာ တွေ့မြင် နိုင်မှာပါ ။ ”

” အများကြီး လုပ်ဆောင် ခဲ့ရပါတယ် ၊ အစည်းအဝေးတွေ အများကြီး လုပ်ခဲ့ရပြီး ကစားသမား တစ်ဦးကို ဘယ်လို ခေါ်ကြမလဲ ဆိုတာ ဆွေးနွေး ခဲ့ကြပါတယ် ။ ကစားသမား ခေါ်ဖို့ ဘဏ္ဍာရေး အခြေအနေတွေ ကြည့်ခဲ့ရသလို ဥပဒေ ရေးရာ ကိစ္စတွေကို လုပ်​ဆောင် ခဲ့ရပါတယ် ၊ ကာယကံရှင် ကစားသမားကော အေဂျင့်နဲ့ကော စကားပြောခဲ့ရပါတယ် ၊ လုပ်ဆောင်စရာ ကိစ္စ အဝကို လုပ်ဆောင်ပြီး အဆုံးသတ်မှာတော့ လိုချင်တဲ့သူကို အရ ခေါ်နိုင်ခဲ့ပါတယ် ။ “လို့ ပြောကြား သွားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular