spot_img

အာဆင်နယ် ကို အနိုင်ယူဖို့ ဆိုရင် Rating 10 ဖြစ်နေအောင် ကစားနိုင်ဖို့ လိုအပ်တယ်လို့ ဆိုတဲ့ ဒေးဗစ်ရာယာ

ဘရန့်ဖိုဒ့် အသင်း ရဲ့ဂိုးသမား ဒေးဗစ်ရာယာ ကတော့ ဒီရာသီ အမြင့်ပျံသန်း နေတဲ့ အာဆင်နယ် အသင်း ကို အနိုင်ယူ ဖို့ရာ သူတို့ရဲ့နည်းပြ သောမက်စ် ဖရန့်ခ် မှာ plan ကောင်းကောင်း ရှိမယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

ဘရန့်ဖိုဒ့် အသင်းဟာ တန်းပြန်တက်လာပြီးကတည်းက Giant Killer အဖြစ် နာမည်ကြီးတဲ့ အသင်း ဖြစ်ပြီး ဒီရာသီမှာလည်း မန်စီးတီး ၊ လီဗာပူး နှင့် မန်ယူနိုက်တက် တို့ကို အနိုင် ကစားထားပါတယ် ။ ဒါပေမယ့် ဘရန့်ဖိုဒ့် အသင်းရဲ့ ဒီရာသီ တစ်ပွဲတည်းသော အိမ်ကွင်း ရှုံးပွဲဟာ အာဆင်နယ် အသင်း ကို ရှုံးနိမ့် ခဲ့ရတာ ဖြစ်ပါတယ် ။

myan789

အာဆင်နယ် အသင်းဟာ ပထမအကျော့မှာတုန်းက ဘရန့်ဖိုဒ့် အသင်းကို ခြေစွမ်းပိုင်း အသာစီး နဲ့ ကစားပြီး ၃ ဂိုးပြတ် အနိုင် ယူ ခဲ့တာပါ ။ဘရန့်ဖိုဒ့် အသင်းဟာ လက်ရှိ အချိန်မှာ ပရီးမီးယားလိဂ် နောက်ဆုံး ၉ ပွဲဆက် ရှုံးပွဲ မရှိ ကစားထားတဲ့ အသင်း ဖြစ်ပြီး အာဆင်နယ် အသင်းကတော့ ပြီးခဲ့တဲ့ အပတ်က အဲဗာတန် အသင်းကို အရေးနိမ့် ထားခဲ့ပါတယ် ။

ဘရန့်ဖိုဒ့် အသင်း ရဲ့ဂိုးသမား ဒေးဗစ်ရာယာ ကတော့ အာဆင်နယ် နဲ့ ကစားရမယ့် ပွဲအပေါ် ” နည်းပြကြီး က စာရွက်ပေါ်မှာ ကျနော်တို့ ထက် အင်အားပိုကြီးတဲ့ အသင်းကို ဘယ်လို ကွဲပြားတဲ့ နည်းဗျူဟာ တွေနဲ့ ရင်ဆိုင် ရမလဲ ဆိုတာ ကောင်းကောင်း သိသူပါ ။ ကျနော်တို့ သူ့အပေါ် ယုံကြည်မှု ရှိပါတယ် ။ ”

” ကျနော်တို့မှာ ကိုယ်ပိုင် ကစားကွက် ၊ ကစားပုံ ရှိသလို နည်းပြကြီးကလည်း ပြိုင်ဘက် ကို အသာစီးရအောင် ဘယ်လို ကစားရမလဲ သင်ပေးထားပါတယ် ။ ဒါကို ထိပ်သီး ၆ သင်း နဲ့ တွေ့ဆုံ တဲ့ ပွဲမှာ ရလဒ်ကောင်းတွေ ရယူပြီး ကျနော်တို့ သက်သေ ပြသ ခဲ့ပြီး ဖြစ်ပါတယ် ။ ”

” အာဆင်နယ် အသင်းက သိပ်ကို မြင့်မားတဲ့ အဆင့်အတန်း တစ်ခု ကို ရောက်နေတဲ့ အသင်းပါ ။ အိမ်ကွင်းမှာတုန်းက သူတို့ ကျနော်တို့ကို outplay သွားခဲ့ပါတယ် ၊ အဲ့ဒီ တုန်းက ရာသီ အစပဲ ရှိသေးတာဆိုတော့ ကျနော်တို့ ရစ်သမ် မမိသေးတဲ့ အချိန်ပါ ၊ သူတို့ ကောင်းကောင်း စတင် ကစား နိုင်ခဲ့ပါတယ် ၊ ဒါကြောင့်လည်း သူတို့ ထိပ်ဆုံးမှာ ရပ်တည် နေနိုင်တာပါ ။ ”

 ”အာဆင်နယ် အသင်း ကို အနိုင်ယူဖို့ ဆိုရင် ကျနော်တို့ အနေနဲ့ rating 10 ရှိတဲ့ ကစားပုံမျိုး ပြသ နိုင်ဖို့ လိုအပ်ပါတယ် ။ သူတို့ကို အခွင့်အရေး များများစားစား ပေးလို့ မရပါဘူး ၊ တန်ပြန် တိုက်စစ်တွေ တည်ကန်ဘောတွေကနေ သူတို့ကို ထိုးနှက်နိုင်ဖို့ လိုအပ်ပါတယ် ၊ ကျနော်တို့ အသင်းက ပရီးမီးယားလိဂ် မှာ တန်ပြန်တိုက်စစ် နှင့် တည်ကန်ဘောတွေကနေ သွင်းဂိုးတွေ အရယူ နိုင်ဆုံး အသင်းလေ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular