spot_img

အာဆင်နယ်အသင်း ဂိုးသမား ရမ်းစ်ဒေးလ်၏ အခြေအနေကို ဘိုင်ယန်မြူးနစ်နှင့် ချယ်လ်ဆီးအသင်းများ စောင့်ကြည့်နေ

အာဆင်နယ်အသင်းတွင် အနာဂတ်မတည်မငြိမ်ဖြစ်လာသည့် အင်္ဂလန်လက်ရွေးစင်ဂိုးသမား ရမ်းစ်ဒေးလ်အား ထိပ်သီးကလပ်များဖြစ်သည့် ဘိုင်ယန်မြူးနစ်နှင့် ချယ်လ်ဆီး အသင်းက ခေါ်ယူရန် စောင့်ကြည့်နေလျက်ရှိကြောင်း သိရသည်။

စပိန်လူမျိုးနည်းပြ အာတီတာသည် စက်တင်ဘာလ ၁၇ ရက်က အဲဗာတန်အသင်းနှင့် ကစားသည့်ပွဲတွင် ရမ်းစ်ဒေးလ်ကို အနားပေး၍ ဘရန့်ဖို့ဒ်အသင်းမှ အငှားဖြင့် ခေါ်ယူထားသည့်  စပိန်ဂိုးသမား ရာယာကို ပွဲထွက်ခွင့်ပြုခဲ့သည်။ 

myan789

ရမ်းစ်ဒေးလ်သည် ပြီးခဲ့သည့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ၃၈ ပွဲစလုံး နှင့် ၂၀၂၁-၂၂ရာသီတွင် ၃၄ ပွဲအထိ ပွဲထွက်ကစားခွင့်ရခဲ့သလို ဒဏ်ရာနှင့် ကြံ့ခိုင်မှုပြဿနာမရှိဘဲ အနားပေးခဲ့သောကြောင့် ဗြိတိန်မီဒီယာများက ယင်းဆုံးဖြတ်ချက်ကို မေးခွန်း ထုတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် အာတီတာက ယခုရာသီတွင် ရာယာနှင့် ရမ်းစ်ဒေးလ်တို့ကို အလှည့်ကျသုံးစွဲသွားမည်ဟုသာ ဖြေရှင်းချက်ပေးခဲ့သည်။ 

ယင်းသို့ ရမ်းစ်ဒေးလ်၏နံပါတ်တစ်ဂိုးသမားနေရာအတွက် အာမခံချက်မရှိ ဖြစ်လာချိန်တွင် ဘိုင်ယန်မြူးနစ်နှင့် ချယ်လ်ဆီးအသင်းများက ရမ်းစ်ဒေးလ်၏ အခြေအနေကို စောင့်ကြည့်နေကြသည်ဟု ဗြိတိန်မီဒီယာများက ရေးသားခဲ့ကြသည်။ 

ချယ်လ်ဆီးအသင်းသည် ယခုနွေရာသီတွင် ဘရိုက်တန်အသင်းမှ စပိန်ဂိုးသမား ရောဘတ်ဆန်းချက်ဇ်ကို ခေါ်ယူထားသော်လည်း ဂိုးသမားပိုင်းကို ပိုမိုအင်အားတောင့်တင်းရန် အားဖြည့်လိုနေပြီး ဘိုင်ယန်မြူးနစ်အသင်းကလည်း အသက်အရွယ်ရလာပြီး လာမည့်နှစ်မတ်လတွင် ၃၈ နှစ်ပြည့်မည့် နော်ယာ၏နေရာတွင် ရမ်းစ်ဒေးလ်ဖြင့် ကာလရှည်အစားထိုးရန် စိတ်ဝင်စားနေခြင်းဖြစ်သည်။ 

အာဆင်နယ်အသင်းအနေဖြင့် ရမ်းစ်ဒေးလ်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ ဖြင့် ကမ်းလှမ်းလာလျှင် ရောင်းထုတ်ဖွယ်ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။ ရမ်းစ်ဒေးလ်သည် ၂၀၂၁ ခုနှစ်တွင် ရှက်ဖီးယူနိုက်တက်အသင်းမှ အာဆင်နယ်အသင်း သို့ ရောက်ရှိလာပြီးကတည်းက ဥရောပအကောင်းဆုံးဂိုးသမားများထဲမှ တစ်ဦးဖြစ်လာခဲ့သည်။ 

အင်္ဂလန်အသင်းတွင်လည်း ပုံမှန်ရွေးချယ်ခံလာရပြီး ပစ်ဖို့ဒ်၏နံပါတ်တစ်ဂိုးသမားနေရာကို လွှဲပြောင်းရယူမည့်သူအဖြစ် အများစုက ယူဆလျက်ရှိသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular