လက်စတာကွင်းလယ်လူ တီလေမန်းစ်သည် အာဆင်နယ်အသင်း သို့ ပြောင်းရွှေ့ကစားရန် ဆန္ဒပြင်းပြနေကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။
ဘယ်လ်ဂျီယံကွင်းလယ်လူ တီလေမန်းစ် (၂၅ နှစ်)သည် ၂၀၂၃ ခုနှစ်တွင် လက်စတာအသင်း နှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ ထို့ကြောင့် လက်စတာအသင်းသည် တီလေမန်းစ်ကို လာမည့်နွေရာသီတွင် ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိ ရသည်။
တီလေမန်းစ်ကို ခေါ်ယူရန် ဥရောပထိပ်တန်းကလပ်များက စိတ်ဝင်စားနေကြသော်လည်း ၎င်းသည် အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း သိရသည်။