spot_img

အာဆင်နယ်နဲ့ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် ယူနိုက်တက် ကစားသမားတွေကို အကြီးအကျယ် ဝေဖန် တိုက်ခိုက်လိုက်တဲ့ ရွိုင်ကိန်း

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ အမ်းမရိတ် ကွင်းထဲမှာ အာဆင်နယ် အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် 21 ရင်ဆိုင် ကစားခဲ့ပြီး 0 – 0 ဆိုတဲ့ ဂိုးမရှိ သရေ ရလဒ်သာ ရယူသွားနိုင်ခဲ့ ပါတယ် ။ အခုတော့ ယူနိုက်တက် တို့ဟာ အမှတ်ပေး ဇယားကို ဦးဆောင် နေတဲ့ မန်စီးတီး အသင်း နဲ့ 3 မှတ် အကွာကို ရောက်ရှိ သွားကြ ပါပြီ ။

ဒီပွဲ မတိုင်မီ မှာတော့ ယူနိုက်တက် တို့ဟာ အိမ်ကွင်းမှာ အမှတ်ပေး ဇယား အောက်ဆုံး နေရာက ရှက်ဖီး ယူနိုက်တက် အသင်းကို 1 – 2 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် ခဲ့ပါ သေးတယ် ။ ဒါ့ကြောင့် အခုလို ပွဲစဉ်မှာ ယူနိုက်တက် တို့ အကောင်းဆုံး ပြန်လာ နိုင်အောင် ကြိုးစား လိမ့်မယ်လို့ ထင်ကြေး ပေးခံ ခဲ့ရ ပါတယ် ။

myan789

ဒါပေမယ့် လက်တွေ့ မှာတော့ သူတို့ တွေဟာ ကွင်းထဲ အခွင့်အရေးကောင်းတွေ အများကြီး ပိုင်ဆိုင် နိုင်ခဲ့ကြ ပေမယ့် ပြိုင်ဖက် ဂိုးသမား ရဲ့ လက်စွမ်းကောင်း ပြသမှု ၊ နောက်ခံလူ တွေရဲ့ ခံစစ် ကစားပုံ ကျစ်လျစ်မှု ၊ အခွင့်အရေးကောင်း အသုံးမချ နိုင်ခဲ့မှု တွေကြောင့် နိုင်ပွဲ ရယူခွင့် ပျောက်ဆုံး သွားခဲ့ကြ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်းက အကောင်းဆုံးပုံစံ မပြသနိုင်ခဲ့ကြတဲ့ ယူနိုက်တက် ကစားသမား တွေကို စိန်ခေါ်မှု တွေကို ကြောက်ရွံ့နေတဲ့ ကောင်တွေ ၊ ယုံကြည်မှု ပျောက်ဆုံး နေတဲ့ ကောင်တွေ လို့ ပြောရင် အကြီးအကျယ် ဝေဖန် တိုက်ခိုက် သွားခဲ့လိုက် ပါတယ် ။

” သူတို့ဟာ ခြားနားတဲ့ ဖိအား တွေကို ကြုံတွေ့ နေကြရ ပါပြီ ။ ပြီးခဲ့တဲ့ လ အနည်းငယ် တုန်းက သူတို့ တွေဟာ လက်ခုပ် သြဘာတွေ ပေးခံရမှု နဲ့ အတူ အမှတ်ပေး ဇယား အထက်ပိုင်း နေရာကို တဖြေးဖြေး တက်လှမ်း လာနိုင် ခဲ့ကြ ပါတယ် ”

” သူတို့ တွေဟာ ပွဲစဉ် တွေကို ကစားပုံ မကောင်းတဲ့ အချိန်တွေမှာတောင် ဘယ်လို အနိုင် ကစားရ မလဲ ဆိုတာ နဲ့ ပတ်သက်လို့ ကောင်းမွန်တဲ့ အလေ့အကျင့် တွေကို ပိုင်ဆိုင် နိုင်ခဲ့ကြ ပါတယ် ။ အထူးသဖြင့် အဝေးကွင်း ပွဲစဉ် တွေမှာ သူတို့ရဲ့ ကောင်တာ တိုက်စစ်က ကြောက်စရာ ကောင်းခဲ့ ပါတယ် ”

” ဒါပေမယ့် လွန်ခဲ့တဲ့ သုံး ၊ လေးပါတ်လောက် မှာပဲ သူတို့ တွေဟာ ရုတ်ချည်း ဆိုသလို အမှတ်ပေး ဇယားကို ဦးဆောင် ပြနိုင် သွားခဲ့ကြ ပါတယ် ။ လူတွေ ကလည်း ‘ သူတို့ အမှတ်ပေး ဖလားကို ဆွတ်ခူူ နိုင်မလား ? မန်စီးတီး အသင်း နဲ့ ယှဉ်ပြိုင် နိုင်ပါ့ မလား ? ဆိုပြီး မေးခွန်းတွေ ထုတ်ခဲ့ကြ ပါတယ် ”

” ဒါပေမယ့် ကစားသမား တွေက စိန်ခေါ်မှု တွေကို ကြောက်ရွံ့ နေတဲ့ ပုံစံ တွေကို ပြသ သွားခဲ့ကြ ပါတယ် ။ သူတို့ တွေကို စောင့်ကြည့် နေရတာက သူတို့ဟာ အမှတ်ပေး ဖလားကို စိန်ခေါ် ၊ ဆွတ်ခူး နိုင်ဖို့ အတွက် အဆင်သင့် မဖြစ်ကြသေးပုံ ပါပဲ ။ သူတို့ကို ကြည့်ရတာ ဒုတိယလောက်နဲ့ ကျေနပ်မယ့် ကောင်တွေလို ဖြစ်နေခဲ့ရ ပါတယ် ”

” ယူနိုက်တက် နဲ့ ပတ်သက်လို့ ကျွန်တော် အကြိမ်ကြိမ် ခေါင်းကုတ် စဉ်းစား နေခဲ့ရ ပါတယ် ။ သူတို့ ကျွန်တော့်ကို စိုးရိမ်စိတ် ဖြစ်ပေါ် နေစေခဲ့ကြ ပါတယ် ။ ဒီနေ့ သူတို့ကို စောင့်ကြည့်ရတာက သူတို့တွေဟာ အမှတ်ပေး ဖလားကို ဆွတ်ခူး နိုင်မလား ဆိုတာနဲ့ ပတ်သက်လို့ ယုံကြည်မှုတွေ ပျောက်ဆုံး နေကြပုံ ပါပဲ ”

” ဒါက မန်ချက်စတာ ယူနိုက်တက် အသင်းပါ ။ သူတို့ တွေက အဓိက ကစားသမား အချို့ မပါဝင် ကြတဲ့ အာဆင်နယ် အသင်း နဲ့ ရင်ဆိုင် ကစားနေခဲ့ ကြရတာပါ ။ ဟုတ်ပါတယ် ၊ အဲ့တာက နိုင်ပွဲ ရဖို့ အတွက် အာမခံချက် ပေးမယ့် အချက်အလက် တစ်ခု မဟုတ်မှန်းတော့ ကျွန်တော် သိပါတယ် ”

” ဒါပေမယ့် သူတို့တွေ ဒီပွဲကို ကျော်ဖြတ်ပြဖို့ လိုအပ်ခဲ့ကြ ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကစား နေတယ် ၊ ပြီးတော့ နိုင်ပွဲ တစ်ခု ရယူဖို့ အတွက်တောင် ယုံကြည်မှု အပြည့်အဝ မရှိတဲ့ ကစားသမားတွေ အကြောင်း တွေးကြည့်လိုက်ပါ ။ ဒါက တစ်ကယ့်ကို စိတ်ပျက်စရာ ပါပဲ ”

” အီဒင်ဆန် ( ကာဗာနီ ) ဟာ ဆိုရင် ဂိုးရဖို့ အတွက်တောင် နီးစပ်ခဲ့ပါ သေးတယ် ။ ဒါပေမယ့် အသင်းရဲ့ စွမ်းဆောင်ရည်က လုံလောက်တဲ့ ပြင်းအား ကင်းမဲ့ နေခဲ့ရ ပါတယ် ။ ကွင်းထဲ ပရိသတ်တွေ မရှိကြဘူး ၊ ပွဲစဉ်တွေ ဆက်တိုက် ကစား နေရတယ် ဆိုပြီး ခင်ဗျားတို့ ဆင်ခြေတွေ ပေးကောင်း ပေးနိုင်ပါတယ် ”

” ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းမှာတော့ စစ်မှန်တဲ့ အရည်အသွေးတွေ ပျောက်ဆုံး နေခဲ့တာ အမှန် ပါပဲ ။ သူတို့ ဆီမှာ အာဆင်နယ်ကို အနိုင် ကစားမယ် ဆိုတဲ့ စိတ်ဓါတ် ခံယူချက် မရှိသလို ဖြစ်နေခဲ့ ပါတယ် ။ အာဆင်နယ် ကတော့ အနည်းဆုံး သရေ ရဖို့ ထိုက်တန်ခဲ့ ပါတယ် ” လို့ ရွိုင်ကိန်း က ပေါက်ကွဲ သွားခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular