spot_img

အသင်း၏အကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်မည်ဆိုလျှင် မိမိပိုင်ဆိုင်သည့်ရှယ်ယာများကို ရောင်းချမည်ဖြစ်ကြောင်း စပါးအသင်းဥက္ကဋ္ဌ ဒန်နီယဲလ်လီဗီ ပြောကြား

စပါးအသင်းဥက္ကဋ္ဌ ဒန်နီယဲလ်လီဗီက အသင်း၏အကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်မည်ဆိုလျှင် မိမိပိုင်ဆိုင်သည့်ရှယ်ယာများကို ရောင်းချသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အင်္ဂလန်နိုင်ငံသား စီးပွားရေးသမားဖြစ်သူ လီဗီ (၆၁ နှစ်) သည် ၂၀၀၁ ခုနှစ်ကတည်းက စပါးအသင်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး ပရီးမီးယားလိဂ်၌ သက်တမ်းအရှည်ဆုံး အသင်းဥက္ကဋ္ဌအဖြစ် ရပ်တည်လျက်ရှိသည်။ 

myan789

၎င်း၏မိသားစုသည် စပါးအသင်း၏ ရှယ်ယာ ၈၆ ဒသမ ၅၈ ရာခိုင်နှုန်းပိုင်ဆိုင်သည့် ENIC International Ltd ဗြိတိန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွင် ရှယ်ယာ ၂၉ ဒသမ ၈၈ ရာခိုင်နှုန်း ထည့်ဝင်ရင်းနှီးမြှုပ်နှံထားသည်။ သို့ဖြစ်ရာ စပါးအသင်း၏ လက်ကျန်ရှယ်ယာ ၁၃ ဒသမ ၄၂ ရာခိုင်နှုန်း ကို တစ်ဦးချင်းအစုအဖွဲ့ဝင် ၃၀၀၀၀ က ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

“ဘယ်သူမဆို တော့တင်ဟမ်ဘုတ်အဖွဲ့ကို အလေးအနက်အဆိုပြုချင်တယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ အကြံပေးအဖွဲ့တွေနဲ့အတူ စဉ်းစားသွားမှာပါ။ အဲဒါက အသင်းအတွက် အကျိုးစီးပွားဖြစ်မယ်လို့ ကျွန်တော်တို့ယူဆရင် အားလုံးကို ပွင့်ပွင့်လင်းလင်း လုပ်ဆောင်သွားမှာပါ။ တော့တင်ဟမ်ကနေ ထွက်ခွာဖို့ ကျွန်တော် အမှန်တကယ်စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ မည်သူမဆိုရဲ့ အဆိုပြုချင်တာမှန်သမျှကို စဉ်းစားဖို့ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ဒါက ကျွန်တော်နဲ့မဆိုင်ပါဘူး။ အသင်းအတွက် လုပ်ရမယ့်အရာပါ။ ကျွန်တော်တို့ဆီမှာ ခန့်မှန်းခြေ ရှယ်ယာ ၁၃ ဒသမ ၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားတဲ့ အစုရှယ်ယာဝင် ၃၀၀၀၀ ရှိပါတယ်။ ကျွန်တော်တို့က ဒီကလပ်ကို အများပိုင်ကုမ္ပဏီတစ်ခုလို လည်ပတ်နေတာပါ” ဟု လီဗီက Bloomberg ရုပ်သံသို့ ပြောကြားခဲ့သည်။

စပါးအသင်းပရိသတ်များသည် ယခုနှစ် အစောပိုင်းကာလများတွင် လီဗီအား ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခဲ့ကြပြီး ယခုရာသီတွင်လည်း လက်မှတ်စျေးနှုန်းတိုး မြှင့့်မှုကြောင့် ဆန္ဒပြမှုများပြုလုပ်ခဲ့ကြသည်။ သို့သော် ယခုနွေရာသီတွင် သြစတြေးလျနိုင်ငံ သားနည်းပြ ပိုစတီကိုဂလူကို ခန့်အပ်ခဲ့ပြီးနောက် လီဗီအပေါ် ဝေဖန်မှုများ လျော့ကျလာကြောင်း သိရသည်။ 

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular