မန်စီးတီးအသင်း၏ နည်းပြ ဂွါဒီယိုလာက အသင်းတွင် မပျော်ရွှင်သည့် ကစားသမားများကို ထိန်းသိမ်းထားလိုခြင်း မရှိကြောင်း ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် တောင်ပံကစားသမား စတာလင်နှင့် တိုက်စစ်မှူး ဂျေးဇူးတို့ကို ရောင်းထုတ်ရန် စီစဉ်နေသလို၊ ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားမှာလည်း အသင်းမှ ထွက်ခွာရန် ဆန္ဒရှိနေကြောင်း သိရသည်။
ဂွါဒီယိုလာက ဘာနာဒိုဆေးလ်ဗားကို အဓိကရည်ရွယ်ပြောကြားခဲ့ခြင်းဖြစ်ပြီး “ဘာနာဒိုက လာမယ့် ရာသီ မန်စီးတီးမှာ ဆက်ရှိမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြောနေကျအတိုင်းပါပဲ၊ အသင်းမှာ မပျော်ရွှင်တဲ့ ကစားသမားတွေကို ကျွန်တော် ထိန်းသိမ်းမထားချင်ပါဘူး” ဟု ပြောကြားခဲ့သည်။