spot_img

အသင်းတွင် မက်ဆီ ဆက်ရှိသင့်သည်ဟု ဘာစီလိုနာ Members (၃၀%)ကျော် မယူဆ

ဘာစီလိုနာအသင်းတွင် ဥက္ကဋ္ဌအပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီးနောက် အသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီကို အသင်းတွင် ဆက်လက်ထိန်းသိမ်းထားရန် လိုလားခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူခဲ့ရာ ဘာစီလိုနာ Members (၃၀%)ကျော်က မဖြစ်မနေ ဆက်ရှိသင့်သည်ဟု မယူဆကြောင်း သိရသည်။

စပိန်မီဒီယာ TV3 က ဥက္ကဋ္ဌရွေးကောက်ပွဲတွင် လာရောက်မဲပေးခဲ့ကြသော ဘာစီလိုနာအသင်း Members များ၏ ဆန္ဒသဘောထားကို စစ်တမ်းကောက်ယူခဲ့ရာ (၆၅.၇%)က မက်ဆီ ဆက်ရှိသင့်သည်ဟု မဲပေးခဲ့ကြပြီး (၃၀.၇%)က မရှိသင့်ဟု မဲပေးခဲ့ခြင်းဖြစ်သည်။

myan789

ဘာစီလိုနာအသင်း၏ ဥက္ကဋ္ဌသစ်အဖြစ် တစ်ကျော့ပြန်ရွေးချယ်ခံခဲ့ရသော လာပေါ်တာသည် အသင်းခေါင်းဆောင် မက်ဆီကို အသင်းတွင် ဆက်ရှိနေစေရန် စွမ်းဆောင်ပေးသွားမည်ဟု ကတိပြုထားကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular