မန်ယူအသင်း၏ နယ်သာလန်ကွင်းလယ်ကစားသမား ဗန်ဒယ်ဘိခ်သည် အသင်းတွင် ပုံမှန်နေရာမရရှိသည့်အခြေအနေနှင့် ပတ်သက်၍ နည်းပြ ဆိုးလ်ရှားနှင့် ဆွေးနွေးရန် ဆန္ဒရှိနေကြောင်း သိရသည်။
မန်ယူအသင်းသည် ဗန်ဒယ်ဘိခ်ကို ပြီးခဲ့သည့်နွေရာသီတွင် အေဂျက်စ်အသင်းထံမှ ပေါင်သန်း(၄၀)ဖြင့် ခေါ်ယူခဲ့သော်လည်း ပရီးမီးယားလိဂ်၌ ပွဲထွက်ကစားသမားအဖြစ် (၄)ပွဲသာ အသုံးပြုခဲ့သည်။
ထို့ကြောင့် ဗန်ဒယ်ဘိခ်သည် လာမည့်ရာသီသစ်၌ ၎င်းအား မည်ကဲ့သို့ အခွင့်အရေးပေးသွားမည်ကို သိရှိရန်အတွက် ဆိုးလ်ရှားနှင့် ဆွေးနွေးလိုခြင်းဖြစ်ကြောင်း သိရသည်။