spot_img

အသင်းတွင် ကွန်တီ ဆက်ရှိမည်ဟု အင်တာမီလန် ထုတ်ပြန်ခဲ့ပြီးနောက် အပြောင်းအရွှေ့အတွက် အစည်းအဝေးတစ်ခု ထပ်မံပြုလုပ်ခဲ့

အင်တာမီလန်အသင်း တာဝန်ရှိသူများသည် အနာဂတ်လှုပ်ခတ်နေသော နည်းပြ ကွန်တီအနေဖြင့် အသင်းတွင်ဆက်ရှိမည်ဟု အတည်ပြုထုတ်ပြန်ခဲ့ပြီးနောက် အပြောင်းအရွှေ့အစီအစဉ်များအတွက် အစည်းအဝေးတစ်ရပ်ပါ ထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွန်တီသည် အသင်းဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကို လူသိရှင်ကြား ထုတ်ဖော်ဝေဖန်ခဲ့ပြီးနောက် အနာဂတ်လှုပ်ခတ်နေသူဖြစ်ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲတွင်လည်း အရေးနိမ့်ခဲ့သဖြင့် အသင်းမှထွက်ခွာတော့မည်ဟု ရေပန်းစားခဲ့သည်။

myan789

ကွန်တီသည် ၎င်းလိုချင်သည့် ပစ်မှတ်ကစားသမားများ မခေါ်ပေးနိုင်ခြင်း၊ အသင်းတွင်းသူလျှိုများ ထားရှိခြင်းတို့အပေါ် မကျေမနပ်ဖြစ်ခဲ့ပြီး အသင်းဘက်ကမူ ကွန်တီအား ထုတ်ပယ်ပါက ငွေကြေးများစွာ နစ်နာမည်ဖြစ်၍(ကွန်တီ၏ ၃ နှစ်စာချုပ်အတွက် အခွန်မပါ ယူရို ၄၈ သန်း ကုန်ကျခဲ့ပြီး ၎င်းအား ခန့်အပ်ရန် စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိသေးသည့် ယခင်နည်းပြ စပယ်လက်တီ ကို လျော်ကြေးပေးထုတ်ပယ်ခဲ့ရ၍) ၎င်းအား ဆက်လက် ထိန်းသိမ်းရန် အလိုရှိခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ ပြီးခဲ့သည့် အင်္ဂ ါနေ့တွင် အသင်းတာဝန်ရှိသူများနှင့် ကွန်တီတို့သည် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြသည်။

ဆွေးနွေးမှုများပြီးဆုံးပြီးနောက် အသင်းတွင် ကွန်တီ ဆက်ရှိမည်ဟု အင်တာမီလန်အသင်းက အတည်ပြုထုတ်ပြန်ခဲ့သည်။

အသင်း၏ ထုတ်ပြန်ချက်တွင် ”အသင်းနှင့် ကွန်တီတို့သည် အလျဉ်မပြတ်ရှိမှု၊ မဟာဗျူဟာတို့ကို ရှေ့ရှု၍ အပြုသဘောဆောင်သည့် အစည်းအဝေးတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး နှစ်ဦးနှစ်ဖက်စလုံးက အသင်း၏အနာဂတ်စီမံကိန်းများအတိုင်း အတူတကွ ဆက်လက်အလုပ်လုပ်သွားရန် သဘောတူညီမှုရယူနိုင်ခဲ့သည်”ဟု ဖော်ပြပါရှိသည်။

ကွန်တီသည် အင်တာမီလန်အသင်းနှင့် ဖလားလက်မဲ့ရာသီကို ဖြတ်ကျော်ခဲ့ရသော်လည်း စီးရီးအေတွင် (၄)ပွဲသာ ရှုံးပွဲကြုံခဲ့ပြီး အဆင့်(၂)နေရာတွင် ရပ်တည်နိုင်ခဲ့သလို၊ ယူရိုပါလိဂ်၌လည်း ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သည်။

ယင်းကဲ့သို့ သဘောတူညီမှုရယူနိုင်ပြီး နောက်တစ်နေ့တွင် ကွန်တီသည် ၎င်းင်းရရှိထားသည့် အားလပ်ရက်ကို မစတင်သေးဘဲ အသင်းတာဝန်ရှိသူများနှင့် အစည်းအဝေးတစ်ရပ် ထပ်မံပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် အပြောင်းအရွှေ့အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် အင်တာမီလန်အသင်းသည် ရီးယဲလ်နောက်ခံလူ ဟာကီမီနှင့် မန်ယူတိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်တို့ကို ခေါ်ယူထားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular