မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် က ဘာစီလိုနာ အသင်းရဲ့ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင် ကို ချီးကျူးလိုက်ပြီး ကမ္ဘာ ပေါ်မှ အသင််းတိုင်းကို တိုးတက်စေနိုင်တဲ့ ကစားသမားပဲလို့ သမုတ်ခဲ့လိုက်ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေတုန််းက အဲရစ် တန်ဟတ် ရဲ့ တပည့်ဟောင်းကို ပေါင် 85 သန််းနဲ့ ခေါ်ယူဖို့ ဘာစီလိုနာ အသင်းနဲ့ သဘော တူညီမှု ရရှိနိုင်ခဲ့ပေမဲ့ ကစားသမားကတော့ ကတ်တလန်မှာပဲ ဆက််လက် ရှိနေလိုကြောင်း ဖွင့်ဟခဲ့ပါတယ် ။
ဒါ့ကြောင့် အဲရစ် တန်ဟတ် ဟာ သူ့ရဲ့ တပည့်ဟောင်းနဲ့ ပြန်လည် ပူးပေါင်းခွင့် မရနိုင်ခဲ့ပါဘူး ။ အဲ့ဒီနောက် ယူနိုက်တက်တို့ဟာ ရီးယဲ မက်ဒရစ် အသင်းရဲ့ ကွင်းလယ်လူ ကာစီမီရို ကို ပေါင် သန်း 60 နဲ့ ခေါ်ယူခဲ့ကြပြီး လက်တွေ့မှာလည်း အလုပ်ဖြစ်ခဲ့ရပါတယ် ။

အခြားတဖက်မှာတော့ ဒီဂျောင် ကလည်း ဘာစီလိုနာ အသင််းအတွက် ပုံစံကောင်းတွေ ပြသထားနိုင်ခဲ့ပြီး အသင်းကို လာလီဂါ အမှတ်ပေး ဇယား ထိပ်ဆုံး နေရာမှာ ရပ်တည််ခွင့် ရရှိအောင် အကူအညီတွေ ပေးဆောင်သွားနိုင်ခဲ့ပါတယ် ။
အခုတော့ ယူနိုက်တက် နဲ့ ဘာစီလိုနာ အသင်းဟာ ယူရို ပါလိဂ် ပြိုင်ပွဲရဲ့ 32 သင်း အဆင့် ရှုံးထွက် ပွဲစဥ်အဖြစ် ဒီညမှာ နူးကမ့် ကွင်းထဲ ရင်ဆိုင်ရဖို့ ရှိနေကြပြီး အဲရစ် တန်ဟတ် ကတော့ အကြောင်းသိတဲ့ တပည့်ဟောင်းကို ချီးမွမ််းသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။
” 2019 တုန်းက ကျွန်တော့်ရဲ့အသင်းဟာ အဆင့်အတန်း တစ်ခု ရှိခဲ့ပြီး အရမ်းကို နှစ်လိုဖွယ်ကောင်းမွန်ခဲ့ရပါတယ် ။ ဒါကို ယူဆောင်ပေးလာနိုင်ခဲ့တာကတော့ သူ (ဒီဂျောင်) ပါပဲ ။ အဲ့ဒီနောက် သူဟာ ဆက်တိုက်ဆိုသလို တိုးတက်ခဲ့ပြီး အခုတော့ စပိန်မှာ ပိုကောင်းလာခဲ့ပါပြီ ”
” သူဟာ အံ့ဖွယ် ကစားသမားကောင်း တစ်ဦးပါ ။ သူက ခံစစ်ကနေ ဘောလုံး ဆွဲယူပြီး ကစားပုံဖော်ပေးနိုင်စွမ်းရှိသူ တစ်ဦးပဲ ဖြစ်ပါတယ် ။ ဒီအတွက် အချိန်ပဲ လိုအပ်တာပါ ။ သူနဲ့အတူ အလုပ်တွေ လက်တွဲ လုပ်ဆောင်ခွင့် ရရှိခဲ့တာက ကျေနပ်စရာပါပဲ ”

” ကျွန်တော်တို့ သူ့ကို လိုအပ်သလားတော့ ကျွန်တော်လည််း မသိပါဘူး ။ သူဟာ မယုံကြည်နိုင်လောက်အောင် တကယ့်ကို ခြေစွမ်းကောင်းတဲ့ ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ် ။ သူ့မှာ တုနှိုင်းမရတဲ့ အရည်အသွေးတွေ ရှိနေတာကြောင့် ကမ္ဘာပေါ်က အသင်းတိုင်းကို တိုးတက်စေနိုင်ပါတယ် ”
” အကယ်လို့ ခင်ဗျားတို့က သူ့ကို အသင်းဆီ ခေါ်ယူနိုင်မယ်ဆိုရင် ခင်ဗျားရဲ့ အသင်းဟာ ပိုကောင်းသွားမှာတော့ အသေအချာပါပဲ ” လို့ အဲရစ် တန်ဟတ် က တပည့်ဟောင််း ဖြစ်သူကို အထူး အမွှမ်းတင် ချီးကျူး သွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။